ဖူးစာရှင်လေး Android application

သတင်းတွေ ၊ နည်းပညာတွေ ၊ ကာတွန်း ၊ မြန်မာအနုပညာရှင်များရဲ့လှုပ်ရှားမှူတွေ model ဓါတ်ပုံများ အားကစား သတင်းများ တခြား ဗဟုသုတရစေမယ့်

မိစန္ဒီနဲ့ အင်တာဗျူး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Blog spot မှာ Online Web Mp3 Player ထည့်မယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

.

Showing posts with label သားသား. Show all posts
Showing posts with label သားသား. Show all posts

Thursday, May 26, 2016

မိန်းမနိုင်နည်း (2016) Vocal - သားသား

Myanmar Music Channel's photo.
Album - မိန်းမနိုင်နည်း (2016)
Vocal - သားသား
©©©©©©©©©©©©©©©©©©©©©©©©©©
### သားသား ရဲ့ အခုလောလောဆယ်ထွက်ထားတဲ့ သူ့ရဲ့ ဒုတိယမြောက် ခွေလေးပါ ဒီခွေထဲမှာ သီချင်းမြူးမြူးလေးတွေလည်းပါဝင်သလို သီချင်း အေးအေး လေးတွေလည်းပါဝင်ပါတယ် သီချင်းတွေကလည်း မိုက်ပါတယ်ဗျ မူရင်းခွေလေးကို ဝယ်လို့အဆင်ပြေသူများကိုတော့ မူရင်းခွေကိုဝယ်ယူအားပေးစေချင်ပါတယ် ###
01. ချစ်သူငယ်ချင်း ( Ft. Ar-T )
http://www.mediafire.com/?7dtjddrjm4z8pmf
02. အသည်းကွဲတဲ့ Feel
http://www.mediafire.com/?5qql5vpxq0xp2p6
03. မွေးရပ်မြေ
http://www.mediafire.com/?c8l8l4660l7vc9d
04. မိန်းမနိုင်နည်း
http://www.mediafire.com/?bo3c77bhibhp18x
05. Felling OK ( Ft. X-Box )
http://www.mediafire.com/?c9ccl9euf5dkqv3
06. ကျောင်းမသွားချင်ဘူး
http://www.mediafire.com/?ggtuqszp1zd9gzs
07. သူခိုးချစ် ( Ft. ရဲရင့်အောင် )
http://www.mediafire.com/?nldn5jz997o4qcz
10. မိုးမိမှာစိုးတယ်
http://www.mediafire.com/?4qzx0vjks0i0g8a
11. ရှူးတိုးတိုး မလုပ်နဲ့ ( Ft. ထက်ယံ )
http://www.mediafire.com/?5ydcdoczgptmj52
13. လူဆိုးထိန်း
http://www.mediafire.com/?2m899sh8dynqx1t

Tuesday, March 26, 2013

သားသား အင်တာဗျူး

သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့ လေးပါနော်..။ခုတစ်လော လူငယ်တိုင်းရဲ့ 
နှုတ်ဖျားမှာ..တီးတိုးတစ်ဖုံ..အဆောင်ရှေ့ မှာ..ဂစ်တာနဲ့ တစ်သွယ်..သီဆိုလာကြတဲ့ သီချင်းလေးတစ်ပုဒ်ရှိပါတယ်..။
သီချင်းလေးက နားထောင်လိုက်ရင်ကိုပဲ..တစ်ခေါက်ထဲနဲ့ တင်..နားထောင်နားမှာစွဲသွားသလို..ရင်ထဲကိုပါ..အေးချမ်း
စွာ ၀င်ရောက်လာစေတယ်ဆိုတာ..ငြင်းလို့ မရပါဘူးနော်..။ဆုဂျေလည်းအဲသီချင်းလေးကို  ခိုက်မိတယ်ဆိုပါတော့..။
ဒီလိုနဲ့ ..သီချင်းလေးကိုဆိုထားတာ.ဘယ်သူလဲဆိုတာက...စုံစမ်းရင်းနဲ့ ..တစ်နေ့ မှာတော့..မောင့်ချစ်သူဗမာမလေး
သီချင်း ပိုင်ရှင်အဆိုတော်...သားသားနဲ့ ...သိချင်တာလေးတွေ...မေးဖြစ်ခဲ့ပါတယ်..။ရှုစားအားပေးပါဦးနော်..။

ဂီတလမ်းကြောင်းပေါ်စရောက်လာပုံလေးသိပါရစေ..
ဟုတ်..ဂီတကိုကျွန်တော်ငယ်ငယ်လေးထဲက  ၀ါသနာပါတာပါ..။နောက် ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ ဂီတာ
တီးသင်ရင်းနဲ့ မှ...ဒီလမ်းကြောင်းပေါ်စရောက်လာတယ်ဆိုပါတော့..။
ငယ်ငယ်တုန်းက အားကျခဲ့တဲ့အဆိုတော်တွေကရောဘယ်သူတွေလဲ
ငယ်ငယ်တုန်းကတော့  ကျွန်တော်  ကိုဂရေဟမ်တို့   ကိုစည်သူလွင်တို့ ကိုကြိုက်တယ်ဗျ..။
အတွဲခွေဆိုထားတာရော  ဘယ်လောက်ရှိပြီလဲ
အတွဲခွေက  ကျွန်တော်  (၅)ခွေလောက်ရှိပြီခင်ဗျ..။
အော်..ဟုတ်..ရဲရင့်အောင်နဲ့ နှစ်ယောက်တည်းလည်းဆိုထားသေးတယ်နော်..
ဟုတ်တယ်ဗျ..သူငယ်ချင်းတွေဆိုတော့...တူတူလုပ်ဖြစ်သွားတာပါ..။
တစ်ကိုယ်တော်ခွေကိုရောဘယ်တော့လောက်ထွက်ဖို့ မှန်းထားလဲ
တစ်ကိုယ်တော်ခွေအတွက်..သီချင်းတွေစုနေပြီဗျ...အတီးပိုင်းတွေတော့စနေပါပြီ..။ကျွန်တော်နောက်နှစ်ထဲထွက်
နိုင်အောင် ကြိုးစားနေပါတယ်ခင်ဗျာ..။
တစ်ကိုယ်တော်ခွေမှာ..ဘယ်သူတွေ featuring ဆိုပေးဦးမလဲ
သူငယ်ချင်းတွေတော့  ဆိုဖြစ်မှာပါခင်ဗျ...။
ဘယ်သူတွေပါမလဲဆိုတာတော့..အတိအကျမသိသေးဘူးပေါ့..
ဟုတ်ကဲ့ခင်ဗျ...ခုမှသီချင်းတွေပြန်ရွေးတုန်းဆိုတော့...ပြောလို့ တော့မရသေးဘူးဗျ..။
တေးရေးတွေရော ဘယ်သူတွေပါမလဲ
တေးရေးက featuring ပါတော့  featuring တွေကိုယ်တိုင်ရေးမယ်ဗျ...နောက်ပြီးတော့ကျွန်တော်ရေးမယ်ခင်ဗျ..။
ဂီတအမျိုးအစားကရော  ဘယ်လိုဂီတအမျိုးအစားကိုကြိုက်လဲ..
ဂီတကတော့  ကျွန်တော်  Pop နဲ့  R&B ကြိုက်တယ်ဗျ..။
သီချင်းရေးတာနဲ့ သီချင်းဆိုတာ ဘယ်ဟာကိုပိုအားသန်လဲ..
ပထမဆုံးကတော့ ကျွန်တော်သီချင်းတီးတာဗျ...နောက်သီချင်းရေးတာပေါ့...နောက်ဆုံးကျမှ..သီချင်းဆိုတာကို
အားသန်ပါတယ်ခင်ဗျ...။

ဘယ်အချိန်တွေမှာ သီချင်းရေးတတ်ပါသလဲ.
ကျွန်တော်က  တစ်ညလုံးရေးပါတယ်..ပြီးတော့ မနက်ခင်းပိုင်းအိပ်ပါတယ်..း)။
သီချင်းတစ်ပုဒ်ရေးရင်ရော အချိန်ဘယ်လောက်ယူလဲ..
သီချင်းရေးတာက  ကျွန်တော်က ပထမ တစ်ပိုဒ်အရင်ရေးတယ်..ပြီးရင်  ထားထားလိုက်တယ်..ပြီးမှ..စိတ်ကူးပေါက်မှ
ဆက်ရေးတာပေါ့...အချိန်နဲ့ တွက်မယ်ဆိုရင်တော့  တစ်ရက် နစ်ရက်လောက်တော့  ကြာတယ်ခင်ဗျ..။
သီချင်းရေးရင်  ကိုယ်ပိုင်ခံစားချက်ကိုရေးတာများလား...တစ်ခြားသူတွေရဲ့ အကြောင်းရောရေးတတ်လား
စရေးရေးချင်းတုန်းကတော့..ကျွန်တော်  ကိုယ်ပိုင်ခံစားချက်တွေရေးဖြစ်တယ်ဗျ...။ခုနောက်ပိုင်းတော့..သူငယ်ချင်း
တွေရဲ့ အကြောင်းရော...နောက်ဘ၀နဲ့ ပတ်သက်တာလေးတွေရော  ရေးဖြစ်ပါတယ်ခင်ဗျ..။
သီချင်းရေးတဲ့အခါ..ဘယ်လို message ပေးရတာကိုပိုကြိုက်လဲ..
ကျွန်တော်က  အပြောင်လေးတွေရေးရတာ..ပိုကြိုက်တယ်ဗျ..း)။
သီချင်းတစ်ပုဒ်ပေါက်ဖို့ အတွက်  ဘယ်ဟာက  အဓိကကျမယ်ထင်လဲ
ဟုတ်ကဲ့..သံစဉ်က အဓိကလို့ ကျွန်တော်ထင်ပါတယ်ဗျ...သံစဉ်က  နားထဲကိုစွဲလွယ်တဲ့ဟာဆို  စာသားလေးပါ
ကောင်းမယ်ဆိုရင်..ပေါက်လွယ်တယ်လို့ မြင်ပါတယ်ခင်ဗျ..။
သီချင်းရေးတဲ့အခါမှာ သံစဉ်အရင်ရှာပြီးမှ စာသားရေးတာလား  စာသားရေးပြီးမှ သံစဉ်ရှာတတ်တာလားရှင့်
ဟုတ်..ကျွန်တော်က  ခုနောက်ပိုင်း Program နဲ့ ရေးတာဆိုတော့..အရင်ဆုံးအကြမ်းတီးတယ်ခင်ဗျ..ပြီးမှ
စာသားထည့်တာဆိုတော့..သံစဉ်ကိုအရင်ရှာပြီးမှ ရေးတယ်လို့ ပြောလို့ ရပါတယ်ခင်ဗျ..။
ခုတလောလူငယ်တွေကြားမှာ  ခေတ်စားနေတဲ့ မောင့်ချစ်သူဆိုတဲ့သီချင်းလေးကရော  ကိုယ်တိုင်ရေးထားတာလား
ဟုတ်ကဲ့..ကျွန်တော်ကိုယ်တိုင်ရေးထားတာပါခင်ဗျ..။
အဲဒီသီချင်းလေးရေးဖြစ်ပုံလေးလည်းသိပါရစေနော်..
ဟုတ်..ကျွန်တော်  ဆယ်တန်းအောင်ပြီးတော့  ဂစ်တာတီးတတ်ကာစ အရွယ်ပေါ့..။ကျွန်တော်တို့ ငယ်ငယ်က
့မြန်မာဆန်ဆန်မိန်းကလေးတွေဆို  ရည်းစားထားချင်ကြတယ်လေ..အဲဒီခံစားချက်လေးကိုစိတ်ကူးယဉ်ပြီး
ရေးခဲ့တာပါခင်ဗျ..။
ခုလူငယ်တော်တော်များများက  ဒီသီချင်းလေးကို  ဘာလို့ ကြိုက်ကြတယ်လို့ ထင်ပါသလဲ..
ဟုတ်..အမှန်တိုင်းပြောရရင်..ခုခေတ်ပေါ်ဒီဇိုင်းနဲ့ မိန်းကလေးတွေကို  မျက်စိနဲ့ ပဲခံစားကြတာများပါတယ်ဗျ..။
စိတ်နဲ့ ခံစားပြီးတန်ဖိုးထားတာကြတော့  သီချင်းထဲကလိုမိန်းကလေးမျိုးလို့ ကျွန်တော်ထင်ပါတယ်ဗျ..။
ဘယ်သူပဲဖြစ်ဖြစ်..ကိုယ့်ချစ်သူကောင်မလေးကို..အများက..ယဉ်ယဉ်ကျေးကျေးလေးတန်ဖိုးထားပြောဆိုတာပဲ
လိုချင်ကြတာဆိုတော့  ခံစားချက်နဲ့ တိုက်ဆိုင်လို့ ကြိုက်ကြတယ်ထင်ပါတယ်ခင်ဗျ...။
ဒီသီချင်းလေးက  အရမ်းပေါက်နေပေမယ့်  ဘယ်သူဆိုတယ်ဆိုတာကျတော့ အသိနည်းနေသလိုပဲနော်.
ဟုတ်တယ်ခင်ဗျ..ကျွန်တော်နဲ့ ပရိတ်သတ်နဲ့ သိပ်ပြီးတော့ contact မရှိဘူးခင်ဗျ..။
ကိုယ့်အသံကိုရော ဘာနဲ့ လိုက်တယ်လို့ ထင်မိလဲ
အေးတာနဲ့ လိုက်မယ်လို့ ထင်တယ်ဗျ..ပရိတ်သတ်တွေကလည်း အဲလိုပဲပြောကြတယ်.လို့ ကြားတယ်..။

အနုပညာမှာ သီချင်းဆိုတာအပြင် တစ်ခြားဘာဝါသနာပါသေးလဲ
ဟုတ်  ကျွန်တော်  သီချင်းတီးတာ  ရေးတာ လည်းဝါသနာပါပါတယ်ခင်ဗျ..။
သီချင်းဆိုတာရော လေ့ ကျင့်ဖြစ်လားရှင့်
ဟုတ်..သီချင်းရေးရင်းနဲ့ လည်းဆိုနေရတာဆိုတော့  လေ့ကျင့်ပြီးသားလိုပဲဖြစ်နေတာပါခင်ဗျ..။
အသံနဲ့ ပတ်သက်ပြီးတော့ရော  ဘာတွေ ဂရုစိုက်ဖြစ်လဲ.။
အမှန်တိုင်းပြောရရင်  ကျွန်တော်သိပ်ဂရုမစိုက်ဖြစ်ဘူးခင်ဗျ..။သီချင်းလည်းအမြဲတမ်းဆိုနေရတာလည်းမဟုတ်တော့
လေ..။Recording ရှိမှပဲ  နည်းနည်းဂရုစိုက်ဖြစ်တယ်ဗျ...။အဓိကကတော့  ရေခဲမစားဘူး..ရေခဲရေမသောက်ဘူးဗျ..။
ရှိုးအတွေ့ အကြုံရောဘယ်လောက်ရှိပြီလဲ..
ဟုတ်  ပရိုမိုးရှန်းပွဲတွေရော  နောက်ခုလောလောဆယ်  Bo Bo Music  ကလုပ်တဲ့ပွဲပေါ့...။ရှိုးအတွေ့ အကြုံက.
ပွဲကြီးရော..ပွဲသေးရောတွက်မယ်ဆိုရင်..အများကြီးမဟုတ်ပေမယ့်..မနည်းတော့မနည်းတော့ဘူးခင်ဗျ..။
ရှိုးဆိုရတဲ့ခံစားချက်လေးလည်းသိပါရစေနော်..
ဟုတ်  အရင်တုန်းကတော့  အရမ်းရင်ခုန်တယ်ဗျ..ခုနောက်ပိုင်းကျတော့..အဲလိုတော့မကြောက်တော့ဘူးပေါ့...ဒါပေမယ့်
ပရိတ်သတ်နဲ့  သဟဇာတမဖြစ်မှာကိုတော့ စိုးရိမ်မိတယ်ခင်ဗျ...။
ရှိုးဆိုတော့မယ်ဆိုရင်..ဘယ်လိုပြင်ဆင်သွားတတ်လဲ..
အရင်ဆုံး  သီချင်းတီးတာကို စပြီးပြင်ဆင်တော့တာပဲခင်ဗျ..ဘယ်လိုအသစ်ပြန်တီးရင်ကောင်းမလဲပေါ့..။အဲတီးတာကို
ပဲ ကျွန်တော်ပြင်ဆင်ပါတယ်ခင်ဗျ..။
အ၀တ်အစားဒီဇိုင်းကျတော့ရောဘယ်လိုပုံစံလေးတွေဝတ်ဖြစ်လဲ..
အ၀တ်အစားဒီဇိုင်းကတော့..ကျွန်တော့်ပုံနဲ့  ကျွန်တော်ဆိုတဲ့သီချင်းနဲ့ ကျတော့  အရမ်းကြီးအလန်းကြီးတွေနဲ့ မလိုက်
ဘူးလို့ ထင်တယ်ခင်ဗျ..ဒါ့ကြောင့်  သပ်သပ်ရပ်ရပ်နဲ့ ပဲ ရိုးရိုးရှင်းရှင်းပဲ ၀တ်ဖြစ်တယ်ခင်ဗျ..။
အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ဖို့ အတွက်..ဘာတွေလိုမယ်လို့ ထင်လဲ..
ဟုတ်..အဓိကကတော့  အသံပေါ့။နောက် သူ့ ကိုပံ့ပိုးပေးမယ့်  သီချင်းပေါ့...နောက် ပံ့ပိုးပေးမယ့် သံစဉ်ပေါ့ခင်ဗျ..။
လျောက်ခဲ့တဲ့လမ်းမှာ အခက်အခဲတွေရော  ကြုံခဲ့ရလား..
ဟုတ် စလျောက်ကာစကတော့ တော်တော်လေးခက်ခဲတယ်ခင်ဗျ..။ကျွန်တော်လုပ်ချင်တာကိုလုပ်ခွင့်မရတာဟာ..
တကယ့်အခက်အခဲပါပဲ..။ခုကျတော့  ဂီတလမ်းကြောင်းက  အရမ်းကိုလွယ်ကူသွားပါပြီ  ..၀င်ဖို့ ပေါ့..လမ်းကြောင်း
တွေဘာတွေလည်း..တော်တော်လေးများလာပြီလေ..ကျွန်တော်တို့စလုပ်တုန်းကလောက်တော့ မခက်တော့ပါဘူး..။
ဂီတလောကထဲကိုဝင်ရောက်ချင်နေတဲ့  ၀ါသနာရှင်လေးတွေကိုရော  ဘယ်လိုအကြံပေးချင်လဲ
တကယ်လုပ်ချင်တယ်ဆိုရင်တော့  ၀င်ခဲ့ပါလို့ ..။တကယ်လုပ်ချင်မှလည်း  အခက်အခဲတွေကို  ရင်ဆိုင်နိုင်မှာပါ
ခင်ဗျ..။ကျွန်တော်တို့ ကလည်း  ၀ါသနာတူချင်း  ကြိုဆိုပါတယ်လို့ ..း)။
ခုလတ်တလောဂီတလှုပ်ရှားမှုလေးတွေရောသိပါရစေနော်..။
ဟုတ်..ခုကျွန်တော်..မောင့်ချစ်သူ  VCD ရိုက်ဖို့ လုပ်နေတယ်ခင်ဗျ...နောက်  ရွှေ FM မှာ သီချင်း (၃)ပုဒ်ရေး
ပေးထားတယ်ခင်ဗျ..။နောက် ကျွန်တော်နဲ့ ရဲရင့်အောင်နဲ့ ခွေကို VCD ရိုက်ဖို့ လုပ်နေတယ်ခင်ဗျ.။
မောင့်ချစ်သူ VGD ကို ကိုယ်တိုင်သရုပ်ဆောင်မှာလား..
ခုမှ  ကျွန်တော် မင်းသမီးချိတ်တုန်းပါခင်ဗျ..။မင်းသားကတော့ မော်ဒယ်လ် တစ်ယောက်ကိုပဲ သုံးမယ်ခင်ဗျ..။
ကျွန်တော်ကတော့  အဆိုကတ်တွေပဲ  ပါဖြစ်မှာပါခင်ဗျ..။
လာမယ့်သီတင်းကျွတ်ကိုရော ဘယ်မှာရှိမလဲရှင့်
ဟုတ်..သီတင်းကျွတ်ကတော့  ကျွန်တော်  ကန်တော်ကြီးမှာခင်ဗျ.။(၂၉)ရက်နေ့ ရှိုးဆိုဖို့ ရှိပါတယ်ဗျ.။
Biography လေးလည်းပြောပြပါဦး..
မိဘတွေက ဦးလှသောင်းနဲ့ ဒေါ်နန်းကျင်လှပါ..မွေးချင်းလေးယောက်မှာ  ကျွန်တော်က  တတိယမြောက်ပါ..။
3Rd year (Law) တက်နေတုန်းပါ..။
On Line ကနေဆက်သွယ်ချင်တဲ့ ပရိတ်သတ်တွေအတွက်..လိပ်စာလေးပြောပါဦးနော်
ဟုတ်..tahrthar.muz ကကျွန်တော့် FB ပါခင်ဗျ..။
ခုလိုအွန်လိုင်းအင်တာဗျူးလေးလုပ်ရတဲ့အပေါ် ခံစားချက်လေးလည်းသိပါရစေနော်..။
အရမ်းဝမ်းသာပါတယ်ခင်ဗျ..။အစကတော့  ကျွန်တော့်ဆီဖုန်းဆက်လာတော့  တော်တော်လေးကြောင်သွားမိတယ်.။
နောက် ဆိုဒ်က ဖူးစာရှင်လေးကလို့ ပြောတော့မှ ကျွန်တော်  သဘောပေါက်သွားတာခင်ဗျ..။ဖူးစာရှင်လေးဆိုဒ်ကို
ကျွန်တော်  ကြားဖူးတယ်လေ..။
အားပေးနေတဲ့ ပရိတ်သတ်ကိုရော စကားလက်ဆောင်လေးပြောပါဦးနော်..
ဟုတ်ကဲ့..ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ..ပရိတ်သတ်အားပေးမှုဟာ..ကျွန်တော့်အတွက်တော့ တွန်းအားတစ်ခု
ပါပဲခင်ဗျာ..။ကျွန်တော့်ဘက်ကလည်း..ပရိတ်သတ်စိတ်တိုင်းကျအောင် ကြိုးစားနေပါတယ်ခင်ဗျာ..။
သားသားရဲ့ သီချင်းလေးတွေပါ..
http://www.fusarshinlay.net/page/g3