ဖူးစာရှင်လေး Android application

သတင်းတွေ ၊ နည်းပညာတွေ ၊ ကာတွန်း ၊ မြန်မာအနုပညာရှင်များရဲ့လှုပ်ရှားမှူတွေ model ဓါတ်ပုံများ အားကစား သတင်းများ တခြား ဗဟုသုတရစေမယ့်

မိစန္ဒီနဲ့ အင်တာဗျူး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Blog spot မှာ Online Web Mp3 Player ထည့်မယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

.

Showing posts with label မိုးဟေကို. Show all posts
Showing posts with label မိုးဟေကို. Show all posts

Tuesday, March 26, 2013

မိုးဟေကို အင်တာဗျူး

တစ်ယောက်ရဲ့ အကို ကို အင်တာဗျူးလေး လုပ်ဖြစ်ခဲ့ပါတယ်..။အဲဒီအင်တာဗျူးအောက်မှာရော..ဒီတိုင်းဆုဂျေအကောင့်
ကနေပါ  လာရောက်တောင်းဆိုထားတဲ့ မန်ဘာတွေရဲ့  တောင်းဆိုချက်လေးတွေကို လေးစားသောအားဖြင့်  ဆုဂျေ
အဲဒီမင်းသမီးလေးနဲ့   အင်တာဗျူးလေးလုပ်ဖြစ်ခဲ့ပါတယ်..။ဆုဂျေကိုယ်တိုင်ကလည်း  သဘောကျလို့ ပါပါတယ်..။
အဆိုတော်တွေ စာရေးဆရာတွေကိုတင်မကဘူး..မင်းသမီးပါ အင်တာဗျူးတာလားလို့   လာထောက်နေဦးမလားတော့
မသိဘူးနော်.။ဘာပဲဖြစ်ဖြစ်..တောင်းဆိုထားတဲ့ သူငယ်ချင်းလေးတွေ..စိတ်ကျေနပ် ပျော်ရွှင်ရတယ်ဆိုရင်..ဆုဂျေ
ကြိုးစားပေးထားရတာလေး..အရာထင်ပါပြီရှင်..။ကဲ..အင်တာဗျူးလေးစလိုက်ရအောင်နော်..။

မင်္ဂလာပါမမမိုးရေ...ညီမလေးတို့ဖူးစာရှင်လေးကမမမိုးရဲ့ပရိသတ်မန်ဘာသူငယ်ချင်းတွေတောင်းဆိုလာလို့ပရိသတ်တွေ
သိချင်တဲ့မေးခွန်းလေးတွေကိုသူတို့ကိုယ်စား ညီမလေးမေးလိုက်ရပါတယ်နော်..။
၁၊မမလတ်တလောအနူပညာလှုပ်ရှားမှုလေးသိပါရစေရှင်။

====ဗီဒီယို ဓါတ်ပုံတွေနဲ့ ကြော်ငြာတွေ ရိုက်ဖြစ်နေပါတယ်


၂၊အနုပညာလောကထဲမမ၀င်ရောက်လာပုံလေးလည်းသိပါရစေရှင်။

====၀ါသနာပါလို့ VCD နဲ့ ကြော်ငြာဓါတ်ပုံတွေကနေ စတင် ၀င်ရောက်လာပါတယ်...။


၃။မမရဲ့ငယ်ငယ်ကရည်မှန်းချက်နဲ့လက်ရှိရနေတဲ့မင်းသမီးဘ၀ကတစ်ထပ်တည်းကျပါသလားရှင်။

====တစ်ထပ်တည်းကျတယ်လို့ပြောလို့ မရပေမယ့် လက်ရှိဘ၀ကိုလည်း ကျေနပ်မိပါတယ်...။


၎။မမဟာငယ်ငယ်ကဘယ်လိုကလေးမျိုးထဲမှာပါပါသလဲရှင်။

====အေးအေးဆေးဆေးနေတတ်တာပေါ့....။


၅၊ငယ်ငယ်တုန်းကမမဘ၀အတွက်မမေ့နိုင်တဲ့အမှတ်တရအဖြစ်အပျက်လေးတွေရှိရင်လည်းပြောပြပါနော်..။

====မမှတ်မိတော့ပါဘူး....။


၆။မမရိုက်ပြီးခဲ့တဲ့ဇာတ်ကားပေါင်းဘယ်လောက်ရှိပါပြီလဲ။

====ရာကျော်သွားပါပြီ...။


၇။မမရိုက်ခဲ့တဲ့ကားတွေထဲက မမအနေနဲ့  အားရကျေနပ်ဆုံးကားလေးတွေရှိရင်လည်းပြောပြပါနော်..။


====ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင် ထားပါတယ်တချို့ကားတွေကိုတော့ အားရသလို
တချို့ကားတွေကို ပြန်ကြည့်တော့ အားမရခဲ့တဲ့ ဇာတ်ကား အနည်းအကျဉ်းတော့ရှိပါတယ်....။


၈။ပရိတ်သတ်တွေဆီကအသိအမှတ်ပြူခံရတဲ့ကားလေးတွေရှိရင်ရောပြောပြပါနော်..။

====ရှိပါတယ် ...။တော်တော်များများတော့ ရှိပါတယ်....။


၉။ပရိတ်သတ်တွေဆီကရောမမရဲ့ဖက်ရှင်ပိုင်း သရုပ်ဆောင်ပိုင်းတွေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးဝေဖန်ကြပါသလဲရှင်။

====အားပေးကြပါတယ် ..။ဝေဖန်မှုကို သိပ်မကြားရသလိုပါပဲ...။


၁၀။မမရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့မိုးညအိပ်မက်ဖြူမှာ မမကိုပရိတ်သတ်ကအကယ်ဒမီရပြီလို့အပိုင်တွက်ထားတာ
လေ..။

====ကံကလည်းလိုသေသလို ကိုယ်ကိုယ်တိုင်ကလည်း အများကြီးကြိုးစားရပါဦးမယ် ရှင့်...။
၁၁။ကာရိုက်တာမျိုးစုံကိုလည်းသရုပ်ဆောင်ခဲ့ဖူးတဲ့မမအနေနဲ့မလုပ်သေးတဲ့  နောက်ပြီးမမရိုက်ချင်မိတဲ့ကာရိုက်တာ
ရှိရင်လည်းပြောပြပါဦးနော်..။

====မျိုးစုံအောင်တော့ ရိုက်ချင်ပါသေးတယ်..။မရိုက်ဘူးသေးတဲ့ ကားဆန်းဆန်းလေးတွေ ရိုက်ချင်ပါသေးတယ်...။


၁၂။မမရဲ့အနုပညာလျောက်လမ်းတစ်လျောက်မှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုဘယ်လိုစိတ်နဲ့ကျော်ဖြတ်ခဲ့ပါသလဲရှင်..။

====သည်းခံခြင်း၊စိတ်ရှည်ခြင်း၊ဥပက္ခာပြုခြင်း၊မေတ္တာထားခြင်း...။


၁၃။ခုချိန်မှာမမကိုယ်မမ ပြည့်စုံတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေပြီလို့သတ်မှတ်ပြီလားရှင်။

====အနုပညာအတွက် ကြိုးစားဆဲပါ...။


၁၄။ပရိတ်သတ်ဟာမမတို့လိုအနုပညာရှင်တိုင်းအတွက်ကျေးဇူးရှင်နေရာကနေရှိနေတော့.ပရိတ်သတ်ရဲ့ကျေးဇူးကို
မမဘယ်လိုပြန်ဆပ်မိပါသလဲရှင်..။

====မေတ္တာထားပါတယ်...ကြိုးစားပြီးလည်း သရုပ်ဆောင်နေပါတယ်...။


၁၅။အပြင်မှာမမရဲ့ fan စစ်စစ်တွေရဲ့အားပါးတရအားပေးမှုကိုခံရတဲ့အခါမမအနေနဲ့စိတ်အနှောက်အယှက်ဖြစ်မိပါ
သလားရှင်။

====မဖြစ်မိပါဘူးရှင်...ချစ်လို့အားပေးကြတာကို ကျေးဇူး အများကြီးတင်ပါတယ်...။


၁၆။သီချင်းဆိုတာကောင်းတဲ့မမကိုပရိတ်သတ်တွေကခွေထုတ်စေချင်နေကြတယ်လေ..။နားထောင်ရတာအားမရ
လို့တဲ့..မမသဘောကရော..။

====ဟုတ်ကဲ့ ကြိုးစားနေပါတယ်.....။


၁၇။မဂ္ဂဇင်းတော်တော်များများမှာလည်း photo model လုပ်တာတွေ့ရများတော့ ဓာတ်ပုံရိုက်ခံရတာရော...မမ
ဝါသနာပါလားရှင်..။

====၀ါသနာပါပါတယ် ရှင့်....။


၁၈။သရုပ်ဆောင်တာအပြင်တစ်ခြားမမ၀ါသနာပါတဲ့အနုပညာအလုပ်လေးတွေရှိရင်လည်းပြောပြပါနော်..။

====ဓါတ်ပုံရိုက်တာရယ် သီချင်းဆိုတာရယ် ၀ါသနာပါပါတယ်....။


၁၉.ဒီအနုပညာလမ်းကြောင်းကိုဘယ်ချိန်ထိမမဆက်လျောက်သွားမယ်လို့စိတ်ကူးထားပါသလဲရှင်..။
တစ်ချို့ကအနိုင်နဲ့ပိုင်းပြီးထွက်သွားတတ်ကြတော့လေ..မမကိုလည်းမမပရိတ်သတ်တွေကစိုးရိမ်နေကြတယ်လေ။

====မစိုးရိမ်ပါနဲ့ ရှင်...။ပရိတ်သတ်တွေအတွက် အမြဲ ကြိုးစားနေပါတယ်....။


၂၀။အောင်မြင်တဲ့မင်းသမိးတစ်ယောက်ဖြစ်ဖို့ဘယ်အချက်တွေကအဓိကကျတယ်လို့မမထင်ပါသလဲရှင်..။

====ကိုယ်ကိုယ်တိုင်ကြိုးစား အားထုတ်မှု အချိန်လေးစားမှု ကံကံ၏ အကျိုးပေးနဲ့ စိတ်ရှည်သည်းခံမှုတွေက..
အဓိကကျတယ်လို့ ထင်ပါတယ်....။


၂၁။မမကိုကြည့်လိုက်ရင်  အမြဲSMART ဖြစ်နေတတ်တော့အဲဒီလိုဖြစ်ရခြင်းရဲ့လျှိုဝှက်ချက်လေးသိပါရစေနော်..။

====လျှို့ ၀ှက်ချက်ရယ်လို့တော့ မရှိပါဘူးရှင်....။
၂၂။မမနှစ်သက်တဲ့ဖက်ရှင်ဒီဇိုင်းလေးတွေရှိရင်လည်းပြောပြပါနော်..။

====ရိုးရိုးရှင်းရှင်းလေးနဲ့ အရောင် နုနု လေးတွေကို ကြိုက်ပါတယ်...။


၂၃။မမမှာသီးသန့်ဒီဇိုင်နာရှိပါသလားရှင်..။နောက်ပြီးအ၀တ်အစားတွေကိုမမဘယ်မှာဝယ်ဖြစ်ပါသလဲရှင်။

===ဟုတ်ကဲ့ ဒီဇိုင်နာ ရှိပါတယ်.....။အ၀တ်အစားတော့ နေရာစုံပဲ ၀ယ်ဖြစ်ပါတယ်...။


၂၄။ဆံပင်ပုံစံလည်းသိပ်ပြောင်းတယ်လို့မတွေ့ရဘူးနော်..မမနောင်ကိုရောပြောင်းဖို့စိတ်ကူးရှိပါသလားရှင်..။

====ဟုတ်ကဲ့ ရိုးရိုးလေးပဲ ကြိုက်တယ်...။


၂၅.မမရဲ့အရပ်ကရှည်တယ်နော်  ဘယ်လောက်ရှိလဲသိလို့ရမလားရှင့်.။

====၅ပေ ၆လက်မပါ...။


၂၆.။Body ပိုင်းလည်းဝလာတယ်လို့မရှိတော့မမဘယ်လိုထိန်းဖြစ်တယ်ဆိုတာလေးသိလို့ရမလားရှင်..။

====မ၀တတ်လို့ပါ ...။တကူးတက မထိန်းဖြစ်ပါဘူး....။


၂၇။ကျန်းမာရေးအနေနဲ့ရောမမဘယ်လိုထိန်းသိမ်းစောင့်ရှောက်ဖြစ်သလဲရှင်..။

====ကျန်းမာရေး အရ လမ်းလျှောက်တာလောက်ပဲ လုပ်ဖြစ်ပါတယ်...။


၂၈။မမရဲ့အားလပ်ချိန်မှာရောဘယ်လိုကုန်ဆုံးတတ်ပါသလဲရှင်..။

====အိမ်ထဲမှာပဲ မိသားစုနဲ့ နေရတာကြိုက်ပါတယ်...အခွေကြည့်တယ် နောက်ပြီး သီချင်း နားထောင်တယ်...။


၂၉။ခုအကိုဖြစ်တဲ့ကိုလင်းယံက ဂီတလောကထဲဝင်ရောက်လာပြီဆိုတော့မမအနေဲ့လက်ရှိအောင်မြင်နေတဲ့မင်းသမီး
တစ်ယောက်အနေနဲ့ အကို့ကိုဘာတွေကူညီပေးဖြစ်ပါသလဲရှင်..။

====လိုအပ်သလောက်တော့ ကူညီဖြစ်ပါတယ်...ဒါပေမယ့် မိုးအစ်ကိုက မိုးထက်ပိုတော်တယ်...အခွေတစ်ခွေကို
ဖြစ်အောင်စီစဉ်ပြီး ထုတ်နိုင်လို့လေ...။သူ့ကိုယ်တိုင် ကြိုးစားသွားတာပါ..မိုးအခွေကတော့အခုချိန်အထိမထွက်နိုင်
သေးဘူးဖြစ်နေတယ်...။


၃၀။မောင်နှမနှစ်ယောက်ပေါင်းပြီးရော စီးရီးထုတ်ဖို့စိတ်ကူးမရှိဘူးလားရှင်..။

====လောလောဆယ်တော့ မရှိသေးပါဘူးရှင် မိုးက လောလောဆယ် ဗီဒီယို နဲ့ ရုပ်ရှင် အလုပ်တွေမှာ
 
အချိန်တွေ အများကြီးပေးနေရလို့ပါ...။


၃၁။အကိုတယောက်နဲ့မောင်လေးတယောက်ပိုင်ဆိုင်ထားတဲ့မမကိုယ်မမကံကောင်းတယ်လိုသတ်မှတ်ထားပါသလား..။


====ဟုတ်ကဲ့ မိုးတို့မောင်နှမ တွေကတစ်ယောက်နဲ့ တစ်ယောက်အရမ်း ချစ်ကြတဲ့အတွက် ကံကောင်းတယ်လို့ ထင်
ပါတယ်။


၃၂။အကိုနဲ့မောင်လေးကိုမမဘယ်သူကိုပိုချစ်ပါသလဲရှင်  (ခိခိရန်တိုက်ပေးတာ)

====အတူတူပါပဲ ရှင်...။


၃၄။ခုလိုဖူးစာရှင်လေးကမမရဲ့ပရိတ်သတ်တွေကမမကိုတောင်းဆိုလာတဲ့အပေါ်မမရင်ထဲကခံစားချက်စစ်စစ်လေး
သိချင်ပါတယ်ရှင်..။ပရိတ်သတ်ကိုပြောချင်တဲ့စကားလေးရောပေါ့နော်..။

====အားပေးနေတဲ့ ပရိတ်သတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်...အမြဲတမ်းလည်း ကြိုးစားနေပါတယ်..။

ဒါကတော့..မင်းသမီးမိုးဟေကိုရဲ့အကို..အဆိုတော်လင်းယံရဲ့ သီချင်းသစ်လေးပါ...အနုပညာကို တန်ဖိုးထားတဲ့
မောင်နှမနှစ်ယောက်ကို  သူငယ်ချင်းမောင်နှမတို့ အားပေးလိုက်ပါဦးနော်..း)
 
 
တစ်နေ့တော့


တေးရေး. အိမ်ချစ်မိုး
တေးဆို.. လင်းယံ




အမိန့်တော်တွေကို ရှည်ရှည်ဝေးဝေး ချမှတ်စရာ မလိုဘူး
သိသာစေရုံ မျက်ဝန်းနဲ့ တစ်ချက်လောက်ငဲ့ကြည့်ရုံနဲ့
ဟိုအဝေးက လေထုထဲသို့ငါ လွင့်ပြီးပါသွားသလို


တစ်နေ့တာနေလို့ မင်းရဲ့ အရိပ်ကလေးကိုငါ ခဏလေး
တွေ့ရုံလေးနဲ့ စိတ်ကူးနဲ့ရူးလို့ မြူးနေခဲ့ရ ကျေနပ်လို့နေနေခဲ့ရတယ်
ဒါတွေ ဘာမှနင်မသိလည်း


မိုးတိမ်လည်းသိတယ် ငါဘယ်လောက်ထိ ချစ်ရတယ်
ကောင်းကင်လည်းသိတယ် ငါဘယ်လောက်ထိ မြတ်နိုးတယ်

အရာရာ အားလုံးလည်း ငါတိုင်တည်ပါတယ် မင်းတစ်ယောက်ပဲ ငါချစ်တယ်
အိမ်မက်အားလုံးလည်း ငါယုံကြည်နေတယ် /အိမ်မက်အားလုံးအတွက် ငါရှင်သန်နေမယ်
ငါတို့တစ်နေ့တော့ လက်တွဲမယ်


သတင်းစာတွေမှာ ကြော်ငြာစေ့စပ်လက်ထပ်သူတွေတွေ့ရင်
နင့်ကိုလေငါ မဆီမဆိုင်သတိရခြင်းတွေနဲ့ ငါတစ်ယောက်တည်းကြိတ်လို့
ပူပန်လွန်းရတယ် ဒါတွေ ဘာမှ နင်မသိလည်း။
 
 
(အင်တာဗျူးလေးဖြစ်မြောက်အောင်  အစစအရာရာကူညီပေးခဲ့ပါသော..အဆိုတော် ကိုလင်းယံနှင့်.ဖြေကြားပေးပါ
 
သောမမမိုးဟေကို..တို့ အားကျေးဇူးတင်ရှိပါတယ်ရှင်..)
 
ချစ်ခင်လေးစားလျှက်
ဆုဂျေ  (၉.၁၁.၂၀၁၂)