ဖူးစာရှင်လေး Android application

သတင်းတွေ ၊ နည်းပညာတွေ ၊ ကာတွန်း ၊ မြန်မာအနုပညာရှင်များရဲ့လှုပ်ရှားမှူတွေ model ဓါတ်ပုံများ အားကစား သတင်းများ တခြား ဗဟုသုတရစေမယ့်

မိစန္ဒီနဲ့ အင်တာဗျူး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Blog spot မှာ Online Web Mp3 Player ထည့်မယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

.

Showing posts with label english. Show all posts
Showing posts with label english. Show all posts

Friday, October 24, 2014

အင်္ဂလိပ်စာ လေ့လာနည်း

အင်္ဂလိပ်စာ လေ့လာနည်း

(အင်္ဂလိပ်စာ လေ့လာနေကြတဲ့ သူငယ်ချင်းတို့အတွက် ဒီဆောင်ပါးလေးဟာ အလွန်အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ ဦးတင်ညွှန်ရေးသားထားတာပါ၊ အရင်တုန်းကလဲ ဦးတင်ညွှန်ရဲ့ ဆောင်းပါးတွေတင်ပေးခဲ့ဖူးပါတယ်။ ကဲ... ဒီဆောင်ပါးလေးထဲအတိုင်း သူငယ်ချင်းတို့လဲ လေ့လာကျင့်ကြံအားထုတ်ရင်း အင်္ဂလိပ်စာထူးချွန်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်......)
အမြန်ဆုံးနဲ့ အခြေခံအကျဆုံးကို ပြောပါ့မယ်။ တတ်ပြီးသားတွေကို မရည်ရွယ်ပါဘူး။ ခုမှစပြီး လေ့လာမယ့် သူတွေကိုရည်ရွယ်ပါတယ်။ စတင်လေ့လာလိုသူတွေအတွက် အညွှန်းကိုစပြောမယ်။ (လိုရင်း တိုရှင်းပေါ့)
၁။ ကိုယ့်ကိုယ်ကို ကလေးလိုသဘောထားပါ
ကလေးဆိုတာ စကားသင်ရင် ဖြည်းဖြည်းသင်ပေးရတယ်။ ပထမဦးဆုံး သူတို့ နားထောင်တာကို အရင်လုပ်တယ်။ နားရည်ဝရင် ပြောတာကို စလုပ်မယ်။ နောက်မှ အဖတ်နဲ့ အရေးကို လုပ်ကြတယ်။

၂။ အင်္ဂလိပ်စကား နေ့စဉ်နားထောင်ပါ
ရေဒီယိုကို အင်္ဂလိပ်ပိုင်း အစီအစဉ်များများနားထောင်ပါ။ အင်္ဂလိပ်စကားပြော TV တွေကြည့်ပါ။ ရုပ်ရှင် ကြည့်ရင် လည်း အင်္ဂလိပ်ကားတွေ များများကြည့်ပါ။ ဗီဒီယိုမှာ အင်္ဂလိပ်ကားတွေကြည့်ရင် မြန်မာစာတန်းထိုးနဲ့ မကြည့်ဘဲ အင်္ဂလိပ်စာတန်းထိုးကိုပြောင်းကြည့်နိုင်အောင်ကြိုးစားပါ။ အွန်လိုင်းကို တက်ရင်လည်း အင်္ဂလိပ် သင်ခန်းစာ site တွေကို လျှောက်လေ့လာကြည့်ပါ။

၃။ အင်္ဂလိပ်လိုပြောနိုင်သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ
အင်္ဂလိပ်စကားဆိုတာ ပြောမှတတ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ပေါင်းပြီး များများ ပြောနိုင်အောင် အခွင့်အလမ်းယူပါ။ စပြီး သင်ရင် လွယ်ကူတဲ့ ဖတ်စာအုပ်လေးတွေကိုပဲ ရှာဖတ်ကြည့်ပါ။

၎။ အင်္ဂလိပ်ဇာတ်လမ်း၊ ပုံပြင်တွေများများဖတ်ပါ
ကလေးပုံပြင်စာအုပ်တွေကို အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးမှ ESL (English as a Second Language) အနေနဲ့ ပြဌာန်းထားတာတွေကို လေ့လာပါ။ အင်္ဂလိပ်လိုကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အညွှန်းတွေ လိုက်ဖတ်ကြည့်ပါ။ ခုမှစပြီးလေ့လာတာဆိုရင် http://www.englishclub.com/ ကို ၀င်ကြည့်ဖို့ တိုက်တွန်းချင်တယ်။

၅။ ကိုယ်မသိတဲ့ စာလုံးအသစ်တွေတွေ့တိုင်း ချရေးထားပါ
New Words ဆိုပြီး မှတ်စုစာအုပ်တစ်အုပ်လောက်ထားပါ။ အက္ခရာ စဉ်အလိုက် စာမျက်နှာထိပ်တွေမှာ A, B, C … စသဖြင့် ရေးထားပါ။ A နဲ့စတဲ့ စာလုံးတွေကို A စာမျက်နှာမှာပဲ မှတ်ထားပါ။ နမူနာ စာကြောင်းလှလှ လေးတွေကိုလည်း ကြိုက်ရင်မှတ်ထားပါ။ အဘိဓာန်သုံးရင် English-English အဘိဓာန်ကိုပဲ သုံးနိုင်အောင် ကြိုးစားပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို တတ်နိုင်သလောက်ရှောင်ပါ။

၆။ ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးပါ
စာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ် စကြည့်ပါ။ ကိုယ်ခံစားရတာကို စရေးကြည့်ပါ။ ရာသီဥတုအကြောင်း ရေးကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ရေးကြည့်ပါ။ မနက်ဖြန်ဘယ်သူတွေနဲ့တွေ့မယ်၊ ဘာတွေ လုပ်မယ်ဆိုတာရေးကြည့်ပါ။

၇။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို သွားလည်ကြည့်ပါ
အင်္ဂလိပ်စာမြန်မြန်တတ်ချင်ရင် အင်္ဂလိပ်လိုပြောတဲ့လူတွေကြား ရောက်နေတာက ပိုပြီးအဆင်ပြေတယ်။ အင်္ဂလိပ်လိုပြောတဲ့ မိသားစုတွေနဲ့ အတူနေနိုင်အောင်ကြိုးစားမယ်။ ဒေသခံတွေပြောတာကို များများနားထောင် မယ်။ တကယ့်ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေဖြစ်လိမ့်မယ်။

ဘယ်ကနေစကြမလဲ၊ ဘာကြောင့်အင်္ဂလိပ်စာကို လေ့လာချင်ရတာလဲ?
အင်္ဂလိပ်စာမလေ့လာမီ ကိုယ့်ကိုယ်ကို မေးခွန်းလေးတစ်ခုလောက် ပြန်မေးကြည့်ပါ။ “ငါ ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်ရာတာလဲ” လို့ပေါ့။ ကိုယ်တိုင်ကတတ်ချင်လို့လား၊ သူများက လေ့လာခိုင်းလို့လား။ ဘ၀မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ရပ်တည်နိုင်မှ ခိုင်မြဲတာ။ ဒီလိုမျိုးပဲ အင်္ဂလိပ်စာကိုလည်း ကိုယ်တိုင်က မဖြစ်မနေ သင်မှရမယ်၊ တတ်မှဖြစ်မယ်ဆို တဲ့ စိတ်ဓာတ်မျိုးနဲ့ လေ့လာသင်ယူကြည့်ပါလား။

ဘယ်လောက်အထိ ရည်ရွယ်ထားသလဲ
ကိုယ်တိုင်က လေ့လာချင်တာသေချာရင် ပန်းတိုင်ရောက်ဖို့ဆိုတာ အလွယ်လေးပဲ။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတစ်နိုင်ငံကို သွားရတော့မယ်ဆိုပါတော့ တကယ့်အခွင့်ကောင်းပဲ။ ကိုယ့်ပန်းတိုင်က အင်္ဂလိပ်လိုတတ်မှဖြစ် တော့မယ်။ ဒါကြောင့် သေရေးရှင်ရေး အင်္ဂလိပ်စာကို လေ့လာရတော့မယ်။ အသုံးများတဲ့ စာလုံး အတော်များများ၊ စကားစုအတော်များများကို သိရတော့မယ်။ ပြန်မပြောတတ်ရင်တောင် သူများပြောတာကို သိအောင် အရင်လေ့လာသွားရမယ်။ အသံထွက်တွေ လေ့လာရတော့မယ်။ ကိုယ်ရည်မှန်းထားတာတွေ အားလုံးကို ချရေးထားလိုက်။

လုပ်ငန်းစဉ်ရေးဆွဲထားပါ
ပန်းတိုင်ရောက်ဖို့ ဘယ်နှနှစ်လောက်လျှောက်မှာလဲ။ ဒီမေးခွန်းကတော့ ဖြေဖို့ခက်မယ်ထင်တယ်။ အရေးကြီး တာက လက်တွေ့ကျကျ လုပ်နိုင်ဖို့ပဲလိုတယ်။ တစ်ပတ်မှာ နာရီ ၆၀ အလုပ်လုပ်မယ်လို့ စိတ်ကူးထားသူတစ် ယောက်ဟာ နာရီ ၄၀ အင်္ဂလိပ်စာလေ့လာမယ်ဆိုပြီး စီမံချက်ရေးထားလို့မရဘူး။ ဖြည်းဖြည်းချင်းစမယ်။ ပုံမှန်လေ့လာနိုင်အောင် စပြီးကြိုးစားမယ်။ အလုပ်အဖြစ်နိုင်ဆုံးကို စပြီးလုပ်မယ်။ ခက်ခက်ခဲခဲတွေကို စပြီးမကိုင်မိစေနဲ့။ တစ်ပတ်လောက် လေ့လာပြီး ကိုယ့်အနေအထားကို ပြန်သုံးသပ်မယ်။ လိုအပ်ရင် လေ့လာမှုကို အတိုးအလျှော့ပြန်ညှိမယ်။ ညဘက် လေ့လာရတာပိုကြိုက်သလား၊ ဘတ်စ်ကားစီးရင်း လေ့လာ သွားရတာကို ကြိုက်သလား၊ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းလေ့လာရတာကို ကြိုက်သလား၊ သူငယ်ချင်းတွေနဲ့အတူ လေ့လာရတာကို ကြိုက်သလား၊ စာဖတ်ရင် သီချင်းဖွင့်ထားတာ ကို သဘောကျသလား ကိုယ့်စိတ်ကြိုက် လုပ်ငန်းစဉ်ဇယားကို ရေးဆွဲထားဖို့ လိုလိမ့်မယ်။

ဇွဲရှိရှိ ကြိုးစားကြည့်ပါ
အင်္ဂလိပ်စာလေ့လာတယ်ဆိုတာ တွန်းအားတွေ အများကြီးလိုတယ်။ ကိုယ်တိုင်လုပ်ရတဲ့ကိစ္စဖြစ်နေတာကြောင့် ဘယ်သူကမှ ကိုယ့်နေရာကို ၀င်လုပ်ပေးလို့မရဘူး။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်မှရမယ်။ ဇွဲမရှိရင် တတ်မှာမဟုတ်ဘူး။

ပျော်ရွှင်စွာသင်ယူပါ
ဘ၀မှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာတွေဟာ၊ စိတ်ချမ်းသာစွာနဲ့ ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့တာတွေကြောင့် များတယ်။ အင်္ဂလိပ်စာ သင်တော့သင်နေတယ်၊ စိတ်ထဲမှာ မပျော်ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ဆိုနိုင်တယ်။ နည်းစနစ် မှားနေသလား၊ လမ်းကြောင်းလွဲနေသလား ပြန်ပြီးသုံးသပ်ကြည့်ရမယ်။ သင်လို့ ပျော်နေတုန်း စိတ်ပျက်တာတွေလည်းရှိနိုင်တယ်။ ကိုယ့်ကိုယ်ကို အားပေးနေဖို့လည်းလိုတယ်။

ရေး၊ ဖတ်၊ ပြော၊ ကြား လေးနားညီအောင်လုပ်မယ်
တကယ်တော့ ရေး ဖတ် ပြော ကြားဆိုတာ အင်္ဂလိပ်လို 4 key skills ကိုပြောတာ။ အင်္ဂလိပ်လိုကတော့ ကြား၊ ပြော၊ ဖတ်၊ ရေး (Listening, Speakingb, Reading, Writing) လို့ဆိုထားတယ်။ အချို့ကျောင်းသားတွေက အင်္ဂလိပ်လိုကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်ကြတယ်။ အဲဒီလိုပြောနိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင် LSRW ကို မျှတအောင် လေ့လာဖို့လိုတယ်။ ဒီလေးမျိုးက အရေးလည်းကြီးတယ်။ ဘယ်ဘာသာပဲသင်သင် ဒီလေးမျိုး ပိုင်နိုင်မှရတယ်။ တစ်မျိုးတည်းမှာ ထူးချွန်နေလို့မရဘူး။ စာတော့ ကောင်းကောင်းဖတ်နိုင်ပါရဲ့ မရေး တတ်ဘူးဆိုရင်လည်း လိုသေးတာပဲ။ မပြောခင် နားထောင်တတ်အောင်လုပ်ရမယ်။ ဒီ 4 skills ကို အုပ်စုနှစ်စု ခွဲလိုက်လို့ရတယ်။

          INput            /p>

                   နားထောင်ခြင်း (နားဖြင့်)

                   ဖတ်ခြင်း (မျက်လုံးဖြင့်)

           OUTput         >>>>>      

                   ပြောခြင်း (ပါးစပ်ဖြင့်)

                   ရေးခြင်း (လက်ဖြင့်)

အထက်ကနည်းအတိုင်းသွားကြည့်ပါ။ လွယ်သွားပါလိမ့်မယ်။ ပထမဦးဆုံး Input ကို အရင်လုပ်မယ်။ ပြီးမှ Output ကိုသွားမယ်။ ပထမဦးဆုံး မေးခွန်းတွေ မေးတာကို နားထောင်ကြည့်မယ်။ ပြီးရင် မေးတာတွေကို ပြန်ဖြေကြည့်မယ်။ တစ်ယောက်ယောက်က အင်္ဂလိပ်လို ရေးပေးတဲ့စာကို ဖတ်ကြည့်မယ်။ ပြီးရင် ပြန်စာကို ရေးကြည့်မယ်။ ဒါဟာ ဆက်သွယ်နည်းပုံစံပဲ။
Input နဲ့ Output ကို အစီအစဉ်တကျ သွားစရာမလိုဘူး။ တစ်ခါတလေ ပြောတာကို အရင် လုပ်ချင်လည်းလုပ်မယ်။ နားထောင်တာကို ဒုတိယနေရာမှာ ထားချင်လည်းထားမယ်။ ကြားတာကို နောက်မှ ပြန်ရေးတာကိုလည်း လုပ်ချင်လုပ်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တယ်ဆိုတာ နားလည်ဖို့ပဲ။ ကိုယ်နဲ့ ဆက်သွယ်ပြောဆိုတဲ့လူကလည်း အစီအစဉ်အတိုင်း သင်ယူခဲ့တာ ဟုတ်ချင်မှဟုတ်မယ်။
တချို့ကျောင်းသားတွေဟာ ဘယ်အပိုင်းက ပိုပြီးအရေးကြီးသလဲလို့ သိချင်ကြတယ်။ အားလုံး အရေးကြီးတယ်။ တစ်ခုအပေါ်တစ်ခု မှီနေကြတာကြောင့်ပေါ့။ တစ်ခုခုမှာ ကိုယ်က အားသာချင်သာမယ်၊ ပိုပြီး အရေးပါတယ်ဆို တာကတော့ မရှိဘူး။ ဥပမာ အချိန်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို နားထောင်တဲ့ အလုပ်လုပ်ကြတယ်။ ပြောတာကို ၃၅ ရာခိုင်နှုန်းလောက်လုပ်တယ်။ ၁၆ ရာခိုင်နှုန်းလောက်က စာဖတ်ကြတယ်။ အရေးကတော့ ၉ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ ဒီနှုန်းဟာ အင်္ဂလိပ်စာနဲ့ ဆက်သွယ်ပြောဆိုနိုင်သူတွေကို လေ့လာကြည့်ရာမှာ အမှန်တကယ်ရလဒ်တွေပဲ။ ကိုယ့်အလုပ်အကိုင် အခြေ အနေအရ ကွဲပြားမှုတွေရှိနိုင်တယ်။
ပြောခဲ့တဲ့ 4 skills မှာ သူ့သက်ဆိုင်ရာအပိုင်းကို ကျွမ်းကျင်အောင် နည်းနည်းချင်းတော့ထည့်သွားရမယ်။ ဥပမာ အင်္ဂလိပ်စကားပြောမှာ အသံထွက်အရေးကြီးတယ်။ အသံထွက်နဲ့ လေယူလေသိမ်းမှန်ဖို့ဆိုတာ လေ့ကျင့်မှရ တယ်။ စာရေးရင်လည်း စာလုံးပေါင်း အရေးကြီးတာပဲ။ စာလုံးပေါင်းသတ်ပုံမှန်မှ စာရေးမှန်မယ်။ သဒ္ဒါနဲ့ ဝေါဟာရကြွယ်ဝမှုကလည်း လိုသေးတယ်။ ဒီနေရာမှာ လိုအပ်ချက်တွေကို အကုန်ဖြည့်ရမယ်၊ တစ်ခုပြည့်မှ တစ်ခုကို တက်ရမယ်လို့ မဆိုလိုဘူး။ သူ့အပိုင်းနဲ့သူ လိုအပ်ချက်တွေကို နည်းနည်းချင်းဖြည့်သွားနိုင်ရမယ်လို့ ပြောချင်တာ။
ကိုယ်တိုင်က ဘာကို ဘယ်လို ဘယ်အချိန်မှာ ဘယ်လောက်ဆိုပြီး အစီအစဉ်ဆွဲသွားနိုင်ရင် ပိုကောင်းတာပေါ့။ ပြီးတော့မှ အားလုံးကိုပေါင်းစပ်ရမှာလေ။ ဥပမာ ပုံပြင် သို့မဟုတ် ဇာတ်လမ်းတစ်ခုကို အရင်ဖတ်မယ်။ ပြီးရင် အဲဒီဇာတ်ကြောင်းကို သူငယ်ချင်းတစ်ယောက်ယောက်ကို ပြန်ပြောပြကြည့်မယ်။ ရုပ်ရှင်ကြည့်မယ်။ ကြည့်ပြီးရင် အဲဒီရုပ်ရှင်အကြောင်းလေးကို ပြန်ချရေးကြည့်မယ်။ ဒါတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားနေတာပဲ။ ဆရာက သင်ရင်လည်း ဒီအတိုင်းပဲ ငါ့ကိုသင်မှာပါလားလို့ သဘောပေါက်ထားစေချင်တယ်။

၁။ Listening Skill ကို ဘယ်လိုလေ့လာမလဲ
# ရေဒီယိုနားထောင်မယ်
လက်ထဲမှာရေးဖို့ ဘော့ပင်ကို အမြဲမကိုင်ထားနဲ့။ နားယဉ်အောင် နားထောင်ကြည့်မယ်။

# အင်္ဂလိပ်ပိုင်းအစီအစဉ် ရုပ်သံ TV ကိုကြည့်မယ်
နိုင်ငံခြားဘာသာသင်သူတွေအနေနဲ့ ကလေးအစီအစဉ်တွေကိုကြည့်သင့်တယ်။
ကိုယ်ကြိုက်တဲ့ပရိုဂရမ်ကို ကိုယ်ရွေးမယ်။ အင်္ဂလိပ်လိုပဲဖြစ်သင့်တယ်။
ရုပ်သံမှာ ဗန်းစကားတွေ ဘယ်လိုပြောတတ်သလဲဆိုတာ မှတ်သားထားမယ်။ (စိတ်ထဲကမှတ်ဖို့ပြောတာ)

# ကက်ဆက်နားထောင်မယ်
အင်္ဂလိပ်လိုအသံသွင်းထားတဲ့ ဇာတ်လမ်းတွေ၊ ဖတ်စာတွေ၊ ၀တ္ထုတွေ အများကြီးပေါ်နေပြီ။ ကက်ဆက်ခေတ် မဟုတ်ဘူး၊ မရှိတော့ဘူးဆိုရင်တောင် MP3, MP4 တွေနဲ့ နားကြပ်တပ်ပြီး နားထောင်နိုင်တယ်။

# ရုပ်ရှင်ကြည့်မယ်
ဒီခေတ်မှာ ဗီဒီယိုကားတွေကလည်း ဈေးသက်သာ၊ စာတန်းထိုးတွေကလည်းပါလာပြီ။ အင်္ဂလိပ်စာတန်းထိုးပါ တဲ့ဇာတ်လမ်းမျိုးတွေဝယ်ကြည့်နိုင်အောင် ကြိုးစားပါ။

# အင်တာနက်မှာရှာကြည့်ပါ
အင်္ဂလိပ်စာကို အွန်လိုင်းမှာဝင်ပြီး နားထောင်၊ လေ့လာနိုင်ခွင့်တွေ ဒီခေတ်များ အများကြီးရနေပါပြီ။

# အသုံးတည့်တဲ့ အွန်လိုင်း Link တွေကိုမှတ်ထားပါ
ဥပမာ http://www.englishclub.com/listening/index.htm လိုနေရာမျိုးတွေကို ၀င်ကြည့်ပါ။

၂။ Speaking နဲ့ Pronunciation Skill တွေကို ဘယ်လိုလေ့လာမလဲ
# တစ်ယောက်တည်းအပြောကျင့်ပါ
ကြိုက်တာကို ပြောကြည့်ပါ။ ပြောချင်တာကိုပြောကြည့်ပါ။ လူမြင်ကွင်းမှာတော့ မလုပ်နဲ့ပေါ့။ အရူးလို့ အပြောခံ နေရဦးမယ်။ ပြောရင်လည်း ကိုယ့်အသံကိုယ်ပြန်ကြားရအောင် ပြောကြည့်။ တတ်နိုင်ရင် အော်ပြောကြည့်မယ်။

# ကိုယ့်အသံကို အသံသွင်းထားကြည့်မယ်
ဒါကတော့ သိပ်ပြီးမလွယ်ဘူးထင်ရပေမယ့် အသံထွက်အားနည်းချက်ကိုသိပြီး အမြန်ဆုံးပြင်နိုင်တဲ့နည်းလို့ သိထားပါ။ စာပဲဖတ်ဖတ်၊ တစ်ခုခုကိုပဲပြောပြော ကိုယ့် အသံကို ပြန်နားထောင်ကြည့်မယ်။ မူရင်း သူများထွက်တဲ့ အသံနဲ့ တိုက်ဆိုင်ကြည့်မယ်။ ဒီခေတ်မှာ ဒါကလည်း မခဲယဉ်းဘူး။ အသံထွက် အဘိဓာန်တွေရှိနေပြီ။

# အတန်းတွေထဲမှာ သူများတွေပြောရင် ကိုယ်လည်းလိုက်ပြောနိုင်အောင် ကြိုးစားမယ်။

# အများသုံး idioms တွေကို လေ့လာမယ်။

# ကိုယ့်ဘာသာစကားမှာ မပါတဲ့ အသံထွက်တွေကို အထူးလေ့ကျင့်မယ်။
ဥပမာ ဘာသာစကားအတော်များများမှာ အင်္ဂလိပ်စာလုံး R နဲ့တူတဲ့ အသံထွက်မျိုးရှားတယ်။ အထူးလေ့ကျင့် သင့်တယ်။

# ဆရာပြောတာဂရုစိုက်ပါ
ဆရာနဲ့သင်နေတာဆိုရင် လိုချင်တဲ့စိတ်နဲ့ နားစိုက်ထောင်ပါ။ သူကချည်းပြောနေတဲ့ဆရာထက် ကိုယ့်ကိုပြော ခွင့်ပေးပြီး အပြန်အလှန်သင်တတ်တဲ့ဆရာမျိုးကိုရွေးချယ်ပါ။

# စာလုံးတွေ စာကြောင်းတွေရဲ့ stress တွေကို လေ့လာပါ။
 လေယူလေသိမ်း၊ အသံအတိုအရှည်၊ အတိမ် အနက် အသံထွက်တတ်ဖို့ အရေးကြီးပါတယ်။

# လျှာခလုပ်တိုက်နိုင်လောက်တဲ့ tongue twister စာလုံးမျိုးတွေနဲ့ လေ့ကျင့်ကြည့်ပါ။

# အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြောလိုင်းတွေရဲ့ link တွေကို ပေးလိုက်ပါတယ်။

၃။ Reading နဲ့ Vocabulary Skill တွေအတွက် ဘယ်လိုလေ့လာမလဲ
# တစ်ခုခုကို နေ့တိုင်းဖတ်ပါ
ကလေးစာအုပ်၊ လွယ်ကူလေ့လာ အင်္ဂလိပ်စာဖတ်စာအုပ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ အင်တာနက်ဆိုက်၊ ၀တ္ထု တွေကို အင်္ဂလိပ်လို နေ့စဉ်ဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။

# စိတ်ပါတာကိုပဲဖတ်ပါ
ကိုယ်စိတ်ပါတဲ့စာကိုဖတ်တာ ပိုကောင်းပါတယ်။ စိတ်မပါတဲ့၊ မဖတ်ချင်တဲ့စာတွေကို ဇွတ်ဖတ်နေရတာ စိတ်ဖိစီးပါတယ်။

# ကိုယ်နဲ့ကိုက်ညီတဲ့ level ကိုပဲဖတ်ပါ
ဖတ်လို့များများနားလည်ရင်ကောင်းပါတယ်။ ခက်လွန်းတာတွေဖတ်နေရင် နားမလည်တော့ စိတ်ပျက်သွားလိမ့် မယ်။ အင်္ဂလိပ်စာမှာ level အလိုက်ခွဲထားသလို၊ level အလိုက်တက်တာပဲကောင်းတယ်။ ဥပမာ 500 level, 1000 level, 1500, 2000, 3000, 4000 ဆိုပြီးတော့ level အလိုက်မြင့်သွားလိမ့်မယ်။ နိမ့်ရာကနေစပြီးလေ့ လာသင့်တယ်။

# ဇာတ်လမ်းတွေဖတ်ရင် W ငါးလုံးကို ပြန်တွေးတတ်ရမယ်
W ငါးလုံးဆိုတာက (Who, What, Where, When, Why) ဆိုတာကိုပြောတာ။ ဘယ်သူ့အကြောင်းကိုပြောနေ တာလဲ။ ဘာတွေဖြစ်သွားသလဲ။ ဘာကြောင့်အဲဒီလိုဖြစ်သွားတာလဲ။ ဘယ်နေရာမှာဖြစ်သွားတာလဲ။ ဘယ် အချိန်မှာ ဖြစ်သွားတာလဲ စတာတွေကို ပြန်ပြီးသုံးသပ်နားလည်နိုင်ရမယ်။ မြန်မာလိုပြောရင်တော့ “ဘ” ငါးလုံး ပေါ့။ ဒါတွေကို နားလည်ရင် ပြန်ပြောပြဖို့ သို့မဟုတ် ပြန်ဖြေဖို့ အများကြီးအထောက်အကူဖြစ်လိမ့်မယ်။

# အနားမှာ English-English Dictionary ကိုထားပါ
ကိုယ့်ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ dictionary တွေကို အားကိုးအားထားပြုရင် မှားတတ်ပါတယ်။ အင်္ဂလိပ်စာကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ရှင်းပါတယ်။ နားလည်လွယ်တာကြောင့် အင်္ဂလိပ်ကို အင်္ဂလိပ်လိုရှင်းထားတဲ့ အဘိဓာန်ကိုပဲ သုံးသင့်ပါတယ်။ အင်တာနက်သုံးသူတွေဆိုရင် အွန်လိုင်း ပေါ်က အင်တာနက် dictionary တွေကို အသုံးပြုနိုင်ပါတယ်။

# ကိုယ်ပိုင် dictionary လေးတစ်ခုလုပ်ထားပါ
-       မှတ်စုစာအုပ်လေးတစ်အုပ် သီးခြားထားပါ
-       အက္ခရာစဉ်လိုက် စာမျက်နှာထိုးပြီး ဝေါဟာရတွေကို မှတ်ထားပါ
-       အသုံးများ ပြောစကားတွေကို မှတ်ထားပါ
-       အသုံးများစာကြောင်းတွေ၊ ကိုယ်ကြိုက်တဲ့စာကြောင်းတွေ ရေးမှတ်ထားပါ
-       ညတိုင်း အိပ်ယာမ၀င်မီ တစ်ခေါက်လောက်ပြန်ဖတ်ကြည့်ပါ

# Reading Skill အတွက်လေ့ကျင့်ဖို့ link တွေကိုဖော်ပြပေးလိုက်ပါတယ်

၎။ Writing Skill အတွက် ဘယ်လိုလေ့လာမလဲ
# ဒိုင်ယာရီရေးပါ
ဂရမ်မာတွေ စနစ်တွေ ဂရုစိုက်မနေပါနဲ့။ လွတ်လပ်စွာ ရေးချင်သလိုရေးပါ။ ပျော်စရာကောင်းပါလိမ့်မယ်။ ပျော်သွားရင် ပိုရေးချင်လိမ့်မယ်။

# အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးပါ
ဘယ်သူနဲ့ဆက်သွယ်သည်ဖြစ်စေ အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးနိုင်အောင်လုပ်ပါ

# ပြည်တွင်းထုတ်သတင်းစာကို အင်္ဂလိပ်လိုပြန်ရေးကြည့်ပါ
ဒါကနေ့တိုင်းလေ့ကျင့်နိုင်တဲ့ အကောင်းဆုံးနည်းပဲ။ တတ်နိုင်ရင် ပြည်တွင်းထုတ် အင်္ဂလိပ်၊ မြန်မာနှစ်စောင်ဝယ် ပြီး ပြန်တိုက်ဆိုင်ကြည့်ပါ။ အကျိုးများပါတယ်။

# စာလုံးပေါင်းသတ်ပုံဂရုစိုက်ပါ
အင်္ဂလိပ်စာမှာ စာလုံးပေါင်း spelling စနစ်တွေရှိပါတယ်။ ကွန်ပျူတာမှာ စာလုံးပေါင်းမှားတာတွေကို spelling-checking လုပ်ခိုင်းနိုင်ပေမယ့်၊ ကိုယ်တိုင်ရေးနေတာဆိုရင်တော့ ဂရုစိုက်ပြီး စာလုံးပေါင်းမမှားအောင် လုပ်ပါ။

# မှားတတ်သော စာလုံးပေါင်းတွေကို လေ့လာပါ

# မှားတတ်တဲ့ အင်္ဂလိပ်စာကိုလေ့လာပါ

# အပြန်အလှန်ပေးစာတွေကို အင်္ဂလိပ်လိုပေးနိုင်တဲ့ သူငယ်ချင်းတွေထားပါ

# Writing Skill အတွက် လေ့လာသင့်တဲ့ link တွေကတော့

အခြားသိသင့်သောအချက်များ
Grammar ကို မကြောက်ပါနဲ့

# Grammar ဆိုတာ ဆက်သွယ်ဖို့ပါ
လေ့လာသူတွေအများစုရဲ့စိတ်ထဲမှာ ဂရမ်မာဆိုတာကြီးကို ဖိစီးတတ်ပါတယ်။ အင်္ဂလိပ်စာကို နည်းစနစ်ကျကျ စကတည်းက လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းတွေမှာ တက်ခဲ့သူတွေဆိုရင်တော့ ကိစ္စမရှိဘူး။ သဘောတရား လောက်ပဲနားလည်ခဲ့သူတွေအနေနဲ့ လေ့ကျင့်ဖို့လိုတယ်ဆိုပေမယ့် များများရေး၊ များများပြောလာနိုင်ရင် အဆင် ပြေသွားပါလိမ့်မယ်။

# အပေါင်းအသင်းနည်းတာပြဿနာ
သဒ္ဒါမတတ်၊ စာမတတ်ဆိုတာကိုမေ့ထားပါ။ ဂရမ်မာနဲ့ချည်း အချိန်ကုန်နေစရာမလိုပါ။ ရေးကြည့်ပါ။ တိုတိုလေး တွေစရေးပါ။ နည်းနည်းရေးပြီး တိုးသွားကြည့်ပါ။ တစ်ယောက်တည်းမနေပါနဲ့။ ဆရာတွေကို ကိုယ်ရေးထားတာ ပြကြည့်ပါ။ ကိုယ့်လို အင်္ဂလိပ်စာဝါသနာတူသူချင်း ရေးထားတာတွေပြပြီး ဝေဖန်ဆွေးနွေးကြည့်ပါ။ တစ်ယောက်တည်းလေ့လာတာထက်၊ အများနဲ့လေ့လာတာ ပိုပြီးအကျိုးများတတ်ပါတယ်။

# သင်ရင်တတ်တယ်
ကိုယ့်ထက် ငယ်သူတွေကို ပြန်ပြီးဂရမ်မာသင်နိုင်အောင် ကြိုးစားပါ။ သင်ချင်ရင် ပြင်ဆင်မယ်။ ပြင်ဆင်ရင် တတ်တယ်။ ဆရာလုပ်တယ်ဆိုတာ ဆရာလုပ်နိုင်တဲ့အရည်အချင်းရှိမှဖြစ်တာကြောင့် ဆရာလုပ်ချင်စိတ်က သင်သွားပါလိမ့်မယ်။

# Grammar နဲ့ပတ်သက်ပြီး လေ့လာသင့်တဲ့ link တွေ
Posted by ကိုတူး(မိတ္ထီလာ GTI)

Thursday, July 31, 2014

''Eng လှပတဲ့ စကားလုံးများ''



''Eng လှပတဲ့ စကားလုံးများ'' 

(1) Business is business = စီးပွားရေး က စီးပွားရေးပဲ

(2) Money talks = ပိုက်ဆံ စကားပြောတယ်

(3) Tell that to the marines = တောမှာသွားပြော

(4) Lead your own way = ကိုယ့်သမိုင်းကိုယ့်ရေး

(5) Are you nuts ? = မင်းရူးနေလား

(6) You are very talkative = မင်းအရမ်းစကားများတာပဲ

(7) Behave yourself = ယဉ်ယဉ်ကျေးကျေးပြုမူပါ

(8) That's the beauty of it = အဲဒါလေးတွေ ချစ်ဖို့ကောင်းတာ

(9) You stay out it = မင်းဝင်မပါနဲ့

(10) Man matters most in life = လူသာ ပဓာနပါ

(11) Time out = ခဏ ရပ်နားပေးပါ

(12) There's one born every minute = အချဉ်ဖမ်းရတာ လွယ်ပါတယ်

(13) You are shameless = မင်းဟာအရှက်မရှိဘူး

(14) Mind your p's and q's = အနေအထိုင် ဆင်ခြင်နော်

(15) Age before beauty = အသက်ကြီးသူကိုဦးစားပေးပါ

(16) Don't do double = နှစ်ဖက်ချွန်မလုပ်နဲ့

(17) Just as I thought = ထင်တဲ့အတိုင်းပဲ

(18) I'm buying = ငါ ဒကာခံမယ်

(19) He was all ears = သူသိပ်သိချင်နေတယ်

(20) Don't talk rot = မဟုတ်တာမပြောနဲ့

(21) Don't tell a lie = လိမ်မပြောနဲ့

(22) I'm all ears = ငါ နားထောင်နေပါတယ်

(23) Don't you see ? = မင်းနားလည်မယ်ထင်ပါတယ်

(24) Dead or alive = မသေ ရရ အရှင် ရရ

(25) Let bygones be bygones = ပြီးတာတွေလဲပြီးပါစေတော့ကွာ

(26) The point is = ငါဆိုလိုချင်တာက

(27) You're too big for your boots = မင်းတော်တော် ကြီးကျယ်တဲ့ကောင်ပဲ

(28) Get to the point = လိုရင်းကိုပြောပါ

(29) That calls for celebration = မုန့်ကျွေးသင့်တယ်

(30) Every second counts = စက္ကန့်တိုင်းတန်ဖိုး ရှိတယ်

(31) Give me a second = တစ်စက္ကန့်လောက် အချိန်ပေးပါ

(32) Right away ! = အခုချက်ချင်းပဲ

(33) You heard me = ကြားတယ်နော်

(34) Perish the thought = မစဉ်းစားနဲ့တော့ မေ့ပစ်လိုက်တော့

(35) Too little too late = နည်းနည်းလေး နောက်ကျသွားတယ်

(36) That's a poser = ဒါဟာသိပ်ခက်တဲ့ မေးခွန်းပဲ

(37) Where the hell have you been ? = မင်းဘယ်လျှောက်သွားနေတာလဲ

(38) It's all moonshine = လုံးဝ အဓိပ္ပါယ်မရှိဘူး

(39)That's why = အဲဒါကြောင့် / ဒါကြောင့်

(40) The reason is that = အကြောင်းကတော့ဗျာ

(41) That's because = ဘာကြောင့်လဲဆိုတော့

(42) Don't disturb me = ငါ့ကို လာမနှောက်ယှက်နဲ့

(43) Don't put blame upon other = သူများကိုလွှဲမချနဲ့

(44) It's been said = ပြောကြတာပဲလေ

(45) May I have a little chat = စကားနည်းနည်းလောက်ပြောပါရစေ

(46) Take care of yourself = ကိုယ့်ဘာသာကိုယ် ဂရုစိုက်နော်

(47) Won't you enjoy it ?= မင်းဒါကို သဘောမကျဘူးလား

(48) Anything to please you ? = မင်းစိတ်ကြိုက်တွေ့ရဲ့လား

(49) The best of my ability = ငါ့အစွမ်းအကုန်ပဲ

(50) That's a deal = ဒါအတည်ပဲ

(51) Need anything ? = ဘာလိုသေးလဲ

(52) So far so good = အခုအချိန်ထိတော့ ဟုတ်နေသေးတယ်

(53) What a daft idea ! = အဓိပ္ပါယ် မရှိလိုက်တဲ့ အတွေး

(54) Don't talk ill of others = သူများမကောင်းကြောင်းမပြောနဲ့

(55) Look here = ဒီမယ် ငါပြောမယ်

(56) Think it over = ထပ်စဉ်းစားပါအုံး

(57) It's not that = ဒီလိုဟုတ်သေးဘူးလေ

(58) You have my words = ကျွန်တော် ကတိပေးပါတယ်

(59) For your eyes only = ဘယ်သူကိုမှမပြနဲ့

(60) Fairly sensible = အမြော်အမြင် တော်တော် ရှိတယ်

(61) Don't indulge your child = မင်းရဲ့ကလေးကို အလိုမလိုက်နဲ့

(62) Just so = ဒီလိုပဲ ဖြစ်ရမယ်လေ

(63) That's going beyond joke = နောက်တာလွန်လာပြီနော်

(64) Nonsense = အဓိပ္ပါယ် မရှိဘူးကွာ

(65) You'd better treat me = မင်းငါ့ကို ဧည့်ခံပြုစုရင် ကောင်းမယ်

(66) What a pity ! = သနားစရာ ကောင်းလိုက်တာ

(67) How absent-minded you are = မင်းနှယ်ကွာ မေ့တတ်လိုက်တာ

(68) You can say that again = သိပ်ဟုတ်တာပေါ့ / ဟုတ်လိုက်လေခြင်း

(69) What's the use of it ? = အဲဒါ ဘာအသုံးကျမှာမို့လို့လဲကွာ

(70) Do it at once = ခုချက်ချင်းလုပ်

(71) Don't be reluctant = စိတ်မပါလက်မပါ ဖြစ်မနေနဲ့

(72) The same as ever = ခါတိုင်းလိုပါပဲ

(73) What's available = ဘာရနိုင်ပါသလဲ

(74) Leave it to me = ငါ့တာဝန် ထားလိုက်စမ်းပါ

(75) Don't blame me = ငါ့ကို အပြစ်လာမတင်နဲ့

(76) It's not my fault = ငါ့အမှားမဟုတ်ဘူး

(77) I don't have all day = ငါတစ်နေကုန် အချိန်မရဘူး

(78) If you've got time = မင်းအချိန်ရရင်

(79) Please make yourself at home = ကိုယ့်အိမ်လိုပဲ သဘောထားနော်

(80) Please come and join us = ငါတို့ဆီကို လာပါ / ဖိတ်ခေါ်ပါတယ်

(81) Nature calls ! = အိမ်သာသွားလိုက်အုံးမယ်

(82) Duty calks ! = ကိစ္စရှိလို့ သွားလိုက်အုံးမယ်

(83) Keep your nerve = က္ကနြေ္ဒ မပျက်စေနဲ့

(84) Don't take an air = ဟိတ်ဟန်ထုတ်မနေနဲ့

(85) How much = ဘယ်ဘောက်ကျသလဲ

(86) Don't argue with me = ငါ့ကို လာမငြင်းနဲ့

(87) Any time = ဘယ်အချိန်မဆို

(88) Oh ! you dare say so = ပြောရဲလိုက်တာ

(89) How dare you are ! = မင်းက ရဲလှချည်လား

(90) Listen to me = ငါပြောတာနားထောင်

(91) Any thing ? = ဘာကိစ္စရှိလို့လဲ

(92) Like father , like son = ဖအေတူသားပဲ

(93) Don't dig your own grave = ကိုယ့်သေတွင်းကိုယ် မတူးနဲ့

(94) Something wrong = တစ်ခုခုမှားနေပြီ

(95) What's wrong ? = ဘာများမှားသွားလဲ

(96) Not good enough = သိပ်မကောင်းဘူး

(97) Don't be talkative = စကားမများနဲ့

(98) Here comes = လာပါပြီ

(99) What's happened ? = ဘာဖြစ်ခဲ့တာလဲ

(100) How come ! = ဘယ်လိုဖြစ်တာလဲ

(101) As ever = အရင်အတိုင်းပဲ

(102) Don't interfere = ဝင်မပါနဲ့ / ဝင်မစွက်နဲ့

(103) This beats me = ဒါငါ့အတွက် သိပ်ခက်တယ်

(104) This is to say = ပြောရမယ်ဆိုရင်တော့

(105) You got a minute = အချိန်နည်းနည်းအားလား

(106) By the way = စကားမစပ်

(107) As you see = မင်းသိမြင်တဲ့အတိုင်းပဲ

(108) It goes without saying = အထူးပြောနေစရာ မလိုပါဘူး

(109) Suit yourself = စိတ်တိုင်းကျသလိုလုပ်

(110) Don't give me that = ငါ့ကို အငြင်းစကားတွေ လာမမေးနဲ့

(111) Do you mind if I butt in ? = ဝင်ပြောရင်စိတ်မရှိနဲ

(112) What a coincidence ! = တိုက်ဆိုင်လိုက်တာ

(113) What line are you in ? = မင်းဘာစီးပွါးရေးလုပ်လဲ

(114) That's not the way to do it = ဒီလိုမလုပ်ရဘူး

(115) Can it be shown ? = သက်သေပြနိုင်လား

(116) So what ? = အဲဒီတော့ဘာဖြစ်လဲ

(117) Walls have ears ! = လူတွေကြားကုန်မယ်

(118) Let out = လျို့ဝှက်ချက်ကိုပြောပြပါ

(119) A little bird told me = သိနေတယ်လေ

(120) Just you wait = မင်းသိမယ်

(121) Let's say grace = ဆုတောင်းလိုက်ကြစို့

(122) I don't care for myself = ငါ့အတွက် ငါမပူဘူး

(123) It's nothing to do with you = မင်းနဲ့ဘာမှမဆိုင်ဘူး

(124) Don't feel backward = တွန့်ဆုတ်တွန့်ဆုတ် လုပ်မနေနဲ့

(125) Don't be afraid = ရဲရဲပြော / ရဲရဲလုပ် / အားမနာနဲ့

(126) Without fail = မပျက်မကွက်

(127) Can I make a bargain ? = ဈေးဆစ်လို့ရမလား

(128) Be quit / Keep quit / Keep silent = တိတ်တိတ်နေ

(129) Thank God / What a relief = တော်ပါသေးရဲ့

(130) Never say never again = စကားအကုန်မပြောနဲ့

(131) To be honest = ပွင့်ပွင့်လင်းလင်းပြောရရင်

(132) How is where the heart is = စိတ်လက်ပျော်နေရာ ကိုယ်ဌာနေပဲ

(133) You are very curious = မင်းအရမ်း စပ်စုတာပဲ

(134) It'll go down in history = သမိုင်းတွင် ကျန်ရစ်လိမ့်မယ်

(135) Few and far between = ရှားမှရှားပါပဲ

(136) May be = ဟုတ်ချင်ဟုတ်မယ်

(137) I don't stand on your tongue = ငါသည်းမခံနိုင်တော့ဘူး

(138) Don't answer back = ပြန်မပြောနဲ့

(139) Mind your own business = ကိုယ့်အလုပ်ကိုယ် လုပ်ပါ

(140) It's not your business = မင်းအလုပ် မဟုတ်ပါဘူးကွာ

(141) Don't do like that = ဒီလိုမလုပ်နဲ့

(142) Don't takk like that = ဒီလိုမပြောနဲ့

(143) I'm rather tied up = ငါ့မှာ လုပ်စရာတွေတော်တော်ကို များနေပါတယ်

(144) What a laughing stock ! = ရယ်စရာကောင်းလိုက်တဲ့အကောင်

(145) What a shameless fellow ! / What a shameless gue ! = အရှက်မရှိလိုက်တဲ့အကောင်

(146) So far = ခုချိန်ထိ

(147) We're not on speaking terms = ငါတို့ မခေါ်ကြဘူး စကားမပြောကြဘူး

(148) I'm getting tired of it / I'm sick of this / I'm fed up with it = စိတ်ပျက် စိတ်ကုန်လာပြီ

(149) Go on / Go ahead / Keep on / Carry on = ဆက်လုပ် / ဆက်ပြော

(150) Surprise ! Surprise ! / Words fail me ! = အံ့ရော အံ့ရော

(151) That would be better = ဒါဆိုရင်ပိုကောင်းမယ်

(152) You are very childish = မင်းသိပ်ကလေးဆန်တာပဲ

(153) It wasn't me = ကျွန်တော်မဟုတ်ရပါဗျာ

(154) Who did it ? = ဘယ်ကောင်လုပ်တာလဲ

(155) What a forgetful creature I am ! = ငါဟာ တော်တော်ကို မေ့တတ်တဲ့အကောင်ပဲ

(156) Oh ! how forgetful I am ! = ငါ့နှယ်နော် မေ့တတ်လိုက်တာ

(157) What a fussy fellow ! = ပျာယီပျာယာနိုင်လိုက်တဲ့ကောင်

(158) How clumsy you are ! = ပုံပျက်ပန်းပျက် ကိုးရိုးကားရားနိုင်လိုက်တာ

(159) Do it before you forget = မမေ့ခင်လုပ်လိုက်အုံး

(160) He's a chip off the old block = ဘမျိုးဘိုးတူပဲ

(161) Please , call a spade a spade = အရှိကိုအရှိအတိုင်းဗြောင်ဖွင့်ပြောပါ

(162) Lest you should forget it = မင်းမေ့သွားမှာစိုးလို့

(163) It's just that I can't afford = ငါ့မတတ်နိုင်လို့ပါကွာ

(164) I haven't time to do it = အဲဒါလုပ်ဖို့ ငါမှာအချိန်မရှိဘူး

(165) You really were taking liberties = မင်းဟာ တကယ့်ကို ကဲလွန်းအားကြီးတယ်

(166) What do you take me for ? = မင်းငါ့ကို ဘာအောက်မေ့လို့လဲ

(167) Knock it off = လုပ်မနေစမ်းပါနဲ့

(168) Don't gossip about other = သူများအတင်းမပြောနဲ့

(169) There's nothing to be afraid = ဘာမှကြောက်စရာမလိုဘူး

(170) I can't bear to do so = ငါဒီလိုမလုပ်ရဲဘူး

(171) It's the chance of a lifetime = ဒါဟာ တစ်သက်မှတစ်ခါရတဲ့ အခွင့်အရေးပဲ

(172) Do it any means = ဘယ်နည်းနဲ့မဆို ဒါကိုလုပ်ပါ

(173) Such is life = ဘဝဆိုတာဒီလိုပါပဲကွာ

(174) I didn't bargain for such trouble = ဒီလို ဒုက္ခမျိုးကြုံ မယ်လို့ မထင်ခဲ့ဘူး

(175) Don't bully me = ငါ့ကို ဗိုလ်မကျနဲ့ / အနိုင်မကျင့်နဲ့

(176) Don't be conceited = ဘဝင်မမြင့်နဲ့

(177) Not as much as you think = မင်းထင်သလောက်မဟုတ်ပါဘူး

(178) I'm all against it = အဲဒါကို ငါလုံးဝ ဆန့်ကျင်တယ်

(179) I don't agree with it = မင်းကိုငါသဘောမတူဘူး

(180) Not like that = အဲဒီလိုဟုတ်ဘူး

(181) More than enough = လိုတာထက်တောက်ပိုသေး

(182) Take care = သတိထား

(183) Don't worry , I've done this before = မပူပါနဲ့ , ဒါမျိုး အတွေ့ အကြုံ ရှိပြီးသား

(184) Oh ! quite / I do / I agree with you = ငါသဘောတူတယ်

(185) Out you go = ထွက်သွားစမ်း

(186) Easy now = စိတ်အေးအေးထားပါ

(187) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား

(188) How're things with you ? = မင်းကောအားလုံး အဆင်ပြေရဲ့လား

(189) Once a thief , always a thief = တစ်ခါခြံ ခုန်ဖူးတဲ့ နွား ဆက်ခုန်မှာပဲ

(190) Sooner or Later = အနှေးနဲ့အမြန်ဆိုသလိုပဲ

(191) Don't do as I do = ငါလုပ်သလို လိုက်မလုပ်နဲ့

(192) If I were you = ငါသာ မင်းဖြစ်ရင်

(193) If I were in his place = ငါသာ သူ့နေရာမှာဆိုရင်

(194) If I were in your place = ငါသာ မင်းနေရာမှာဆိုရင်

(195) I feel nothing special = ထွေထွေထူးထူး မခံစားပါဘူး

(196) What a shame ! = ရှက်စရာ ကောင်းလိုက်တာ

(197) Shame on you = မင်းရှက်ဖို့ကောင်းတယ်

(198) Have a go = လုပ်ကြည့်

(199) I don't accept it = ငါလက်မခံဘူး

(200) Once in a blue moon = ဖြစ်တောင့်ဖြစ်ခဲ တစ်သက်မှတစ်ခါဆိုသလို

(201) Keep your mind = စိတ်ထိန်းပါ

(202) Everybody his due = သူ့နေရာနဲ့သူပဲ

(203) First come , first served = ဦးရာလူ စနစ်ပဲ

(204) A deal is a deal = အပေးအယူ လုပ်ပြီးသားက လုပ်ပြီးသားပဲ

(205) Don't be cocky = မာန်မတက်နဲ့

(206) Mum's the word = ဒါကို လျို့ ဝှက်ထား

(207) Keep away / Keep Out = အနားမကပ်နဲ့ ဝေးဝေးရှောင်

(208) All the best = အောင်မြင်ပါစေ

(209) Thumbs up = အောင်ပြီဟေ့

(210) Do as you do / Do as you like = မင်းကြိုက်သလိုလုပ်

(211) Not up to much = ကျေနပ်ဖွယ်ရာမရှိ

(212) Break it up = ရန်ဖြစ်တာ တော်ကြတော့

(213) I tell this in confidence = မင်းကို ယုံလို့ ပြောတာ လျှောက်မပြောနဲ့

(214) Not again / End of story = တော်ပါတော့ မပြောပါနဲ့တော့

(215) Give me a hug = ကဲကဲ ကျေအေးလိုက်ကြစို့

(216) It's up to you = မင်းပေါ်မူတည်တယ်

(217) It depends = အခြေအနေအရပဲ

(218) That's really a pity = ငါဟာ တကယ့်ကို သနားစရာပဲ

(219) Oh ! dear me = ဖြစ်မှဖြစ်ရလေ

(220) Not absolutely sure yet = လုံးဝ မသေချာသေးဘူး

(221) Wait and see = စောင့်ကြည့်ဦးပေါ့ကွာ

(222) Have a heart = စာနာပါ / သနားပါ

(223) His life was in a mess = သူ့ဘ၀ကတော့ ညစ်နေပြီ

(224) You should = မင်းလုပ်သင့်တယ်

(225) Not so bad = သိပ်မဆိုးပါဘူး

(226) That's enough = တော်ပါပြီ

(227) He's under a cloud = သူ့ကို မယုံသင်္ကာ ဖြစ်နေတယ်


Credit - https://www.facebook.com/photo.php?fbid=723520204373533&set=a.707854175940136.1073741852.100001466799189&type=1