ဖူးစာရှင်လေး Android application

သတင်းတွေ ၊ နည်းပညာတွေ ၊ ကာတွန်း ၊ မြန်မာအနုပညာရှင်များရဲ့လှုပ်ရှားမှူတွေ model ဓါတ်ပုံများ အားကစား သတင်းများ တခြား ဗဟုသုတရစေမယ့်

မိစန္ဒီနဲ့ အင်တာဗျူး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Blog spot မှာ Online Web Mp3 Player ထည့်မယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

.

Showing posts with label အေသင်ချိုဆွေ. Show all posts
Showing posts with label အေသင်ချိုဆွေ. Show all posts

Tuesday, March 26, 2013

အေသင်ချိုဆွေ အင်တာဗျူး

သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်...
သီတင်းကျွတ်ကျောင်းပိတ်ရက်လေးမှာ..ဆုဂျေရုန်ကုန်ဒိုးပြီး..ဗျူးလာခဲ့တဲ့သူလေးကတော့..
ဒီမှာတင်းတယ်..တင်းတယ်...လို့ခပ်မိမိလေးဆိုတတ်တဲ့...အဆိုတော်မလေးအေသင်ချိုဆွေပါရှင်..
အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့..မလိုက်အောင်ပဲ...သီချင်းဆိုရာမှာ...အင်မတန်ပါရမီရှိတဲ့သူလေး
ဆိုရင်လည်းမမှားဘူးပေါ့နော်...လမ်းမခွဲကြေးဆိုတဲ့သီချင်းလေးဆိုရင်ပဲ...အချစ်ရှိတဲ့လူငယ်တိုင်း
ရင်ကိုထိမှန်အောင်ဆိုနိုင်ခဲ့တဲ့သူလေးပေါ့နော်...ကဲ...အေသင်နဲ့ဗျုးခဲ့တာလေးတွေကို..
ရှုစားကြည့်ရအောင်နော်...


**မဂ်လာပါအေသင်ရေ..
***ဟုတ်..မမ.မဂ်လာပါမမ။

**ပထမဆုံးအေသင်ဂီတလောကထဲဝင်ရောက်လာပုံလေးပြောပြပပါဦး..
***ဟုတ်..အေသင်ရှစ်တန်းဖြေပြီးတဲ့အချိန်မှာ..အခွေလုပ်တယ်..ကိုသြရသနဲ့တွေ့ပြီးတော့မှ..သီချင်းတွေ
ထုတ်ဖြစ်သွားတာပါ..ပေါက်တဲ့အိုးကနေ..စပြီးတော့လုပ်ဖြစ်သွားတာပါ..။

**အဲခွေထဲက..လမ်းမခွဲကြေးသီချင်းလေးကတော်တော်ပေါက်တယ်နော်..
***ဟုတ်တယ်မမ..အဲသီချင်းလေးကတော့..လူငယ်လေးတွေကြားထဲတော်တော်ကို့ပေါက်သွားတဲ့သီချင်းလေးပေါ့နော်..။

**အေသင်အကြိုက်ဆုံးသီချင်းရှိရင်ရောပြောပြပါဦး..
***ဟုတ်..အားလုံးကိုကြိုက်ပါတယ်..(ရယ်လျက်)

**သကြိန်သီချင်းလေးဖြစ်တဲ့..**တင်းတယ်..တင်းတယ်.**သီချင်းလေးလည်းတော်တော်ပေါက်တယ်နော်..
***ဟုတ်တယ်..အဲသီချင်းလေးလည်းမြူးမြူးလေးနဲ့..ကလို့ကောင်းတယ်လေ။

**အေသင်ရဲ့..ဒုတိယ Album ရောဘယ်တော့လောက်ထွက်ဖြစ်မလဲ..
***မှန်းထားတာတော့ဒီနှစ်ထဲ..မှန်းထားပါတယ်...ထွက်ဖြစ်အောင်တော့ထွက်မယ်..ဘယ်တော့ထွက်မယ်ဆိုတာတော့..
အတိအကျပြောလို့မရသေးပါဘူး.။.

**Featuring အနေနဲ့ရောဘယ်သူတွေပါဦးမလဲ..ညီမ..
***ကိုရဲလေး..ကိုဂျေမီနဲ့..ကိုသြရသတို့ပါမယ်မမ.။

**အေသင့်ကိုပြည်ပရှိုးတွေမှာလည်းတွေ့ရတယ်နော်..ဘယ်လောက်ရှိသွားပြီလဲ..
***ပြည်ပက..စင်ကာပူနဲ့မလေးရှားမှာတော့ဖျော်ဖြေပြီးပါပြီ။

**အခုနောက်ပိုင်းရောသွားဖို့ရှိသေးလား..
***ခုလောလောဆယ်တော့သွားဖို့မရှိသေးပါဘူး။

**အဆိုတော်တစ်ယောက်ဖြစ်တဲ့အတွက်..အသံနဲ့ပတ်သက်ပြီးဘယ်လိုဂရုစိုက်ဖြစ်လဲ..အသံအတွက်အစားရှောင်ရတာ
ရောရှိလားညီမလေး..
***အသံကတော့..အဓိကက..အေသင်အိပ်ရေးဝအောင်အိပ်တယ်..ပြီးတော့..အချိုတွေ...အစပ်တွေရှောင်တယ်.
အဲဒါလည်းသီချင်းဆိုခါနီးမှပါ...ကျန်တဲ့အချိန်တွေကတော့.အေသင်စားချင်တာရှိရင်စားလိုက်တာပါပဲ..။

**Show ပွဲတွေဆက်တိုက်ဆိုတဲ့အခါ..အသံဝင်တာမျိုးရောဖြစ်ဖူးလား..
***အဲလိုတော့မဖြစ်ဖူးဘူးမမ..အေသင်က..အဲလိုဆက်တိုက်ဆိုရလေ..အသံပိုကောင်းလေပဲ..(ရယ်လျက်)။

**အခုဆိုရင်အေသင့်ကို..ဇာတ်ကားတွေမှာ..သရုပ်ဆောင်ထားတာလည်းတွေ့ရတယ်နော်..ဘယ်လောက်ရှိသွားပြီလဲ
***တော်တော်တော့များနေပြီ...၂၀ကျော်လောက်တော့ရှိပြီထင်တယ်..။

**အေသင့်အတွက်အမှတ်တရရှိခဲ့တဲ့ကားလေးရှိရင်လည်းပြောပြပါဦးနော်.
***အေသင်ပါတဲ့ကားတိုင်းမှာ..အမှတ်တရတော့ရှိခဲ့ပါတယ်..အခက်အခဲရောပေါ့နော်..အဲဒီအခက်အခဲကိုကျော်ဖြတ်လာ
ပြီးမှ..ရိုက်ခဲ့ရတာပေါ့နော်..အခက်အခဲတွေရှိသလို...အမှတ်တရတွေလည်းရှိခဲ့ပါတယ်မမ..။

**ကားကြီင်္းအနေနဲ့ရော..ဘယ်နှစ်ကားလောက်ရှိပြီလဲ..
***အေသင်..ရုပ်ရှင်ကားကြီးတော့..မရိုက်ဖူးသေးပါဘူး..။

**သီချင်းဆိုတာနဲ့သရုပ်ဆောင်တာ..ဘယ်ဟာကိုပိုအားသန်နေလဲ..
***သီချင်းဆိုတာတော့ပိုပြီးအားသန်ပါတယ်မမ...။

**ဒီအနုပညာအပြင်တစ်ခြားဝါသနတာပါတဲ့အနုပညာရောရှိသေးလား..
***အဲဒီလိုမျိုးအတိအကျတော့မရှိပါဘူးမမ..အေသင်ဝါသနာပါတာက...ဂီတကိုဝါသနာပါတယ်...သီချင်းရေးတယ်
သရုပ်ဆောင်တယ်..ဒီလောက်ပါပဲ..

**အေသင့်ရဲ့အသားအရေကိုရောဘယ်လိုဂရုစိုက်ဖြစ်လဲ..
***အသားအရေကတော့..မိက်ကပ်အမြဲလိမ်းနေရတော့လေ..အေသင်ဝက်ခြံတွေပေါက်တယ်..အဲဒီတော့အိမ်မှာနေရင်
သနပ်ခါးပဲလိမ်းဖြစ်တယ်..ကလေးတွေလိမ်းတဲ့..မပြင်းတဲ့..Baby Mild လေးတွေပဲလိမ်းဖြစ်တယ်လေ..။

**ပုံမှန်လုပ်ဖြစ်တဲ့အားကစားရောရှိလား..
***အိမ်မှာတော့လုပ်ဖြစ်တယ်..တစ်ခါတစ်လေကျတော့လည်း...အေသင်က..မနက်စောကြီးရှုတင်ကိုသွားရတော့..
မလုပ်ဖြစ်ဘူးပေါ့.။အားတဲ့အခါတော့လုပ်ပါတယ်...။

**အေသင်ရဲ့ကျန်းမာရေးကိုရောဘယ်လိုဂရုစိုက်ဖြစ်လဲ..
***ကျန်းမာရေးကတော့.အမြဲတမ်းကြီးဂရုစိုက်ဖြစ်နေတယ်လို့မရှိပါဘူး..ကိုယ့်ကိုကိုယ်ကျန်းမာအောင်နေတယ်..
အစစအရာရာပေါ့နော်..နေမကောင်းမဖြစ်အောင်ကိုဂရုစိုက်ပြီးနေပါတယ်..

**အေသင်ရဲ့ပရိတ်သတ်ကြီးအတွက်စကားလက်ဆောင်လေးပြောပေးပါဦး..
***အေသင့်ကိုအားပေးတဲ့ပရိတ်သတ်ကြီးအားလုံးကိုအေသင်ကျေးဇူးအများကြီးတင်ပါတယ်လို့...ပရိတ်သတ်ကြီး
အားလုံးကျန်းမာပါစေ..ချမ်းသာပါစေလို့...ဆက်လက်ပြီးအေသင်..အနူပညာအလုပ်တွေကိုလုပ်သွားပါ့မယ်..
အားပေးပါဦးလို့ပြောချင်ပါတယ်..

**ခုလိုဖြေကြားပေးတဲ့ညီမလေးအေသင်ကိုကျေးဇူးအများကြီးတင်ပါတယ်နော်.
***ဟုတ်..ညီမကလည်းကျေးဇူးတင်ပါတယ်ရှင်..မမကိုရောပေါ့။