.

Tuesday, March 26, 2013

ရတနာမိုင် အင်တာဗျူး

သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်....
ခုဆုဂျေတင်ပြမယ့်အင်တာဗျူးပိုင်ရှင်လေးကတော့....ဆုဂျေအိမ်ကစာတိုက်ပုံးလေးထဲ...
စာလေးတွေလာလာထည့်ပြီးတောင်းဆိုခံထားရတဲ့..သူလေးပါနော်...သူငယ်ချင်းမောင်နှမ
တွေရဲ့တောင်းဆိုမှုလေးကိုအလေးထားတဲ့အနေနဲ့...ကျောင်းပိတ်ရက်မှာဆုဂျေကိုယ်တိုင်...
သွားရောက်တွေ့ဆုံဗျူးခဲ့ပါတယ်ရှင်...ဘယ်လောက်ထိ...လူပင်ပန်း...စိတ်ပင်ပန်းခဲ့ရတယ်ဆိုတာ
ကိုတော့...ဆုဂျေမပြောပြတော့ပါဘူးနော်...သူငယ်ချင်းတို့စိတ်န္ဒတွေပြည့်တယ်ဆိုရင်ကို...
ဆုဂျေပေးဆပ်ရကျိုးနပ်ပါပြီနော်...။
                         ဆုဂျေတင်ပြမယ့်သူလေးကတော့..မိုင်လေးလို့ချစ်စနိုးခေါ်ကြတဲ့...ရတနာမိုင်
ပဲဖြစ်ပါတယ်ရှင်...သူမကိုသွားရောက်တွေ့ဆုံခဲ့တဲ့နေရာလေးကတော့...Aroma ဆိုင်မှာပါ...
ဓာတ်ပုံရိုက်ခံဖို့အတွက်လက်သည်းအလှပြင်နေတုန်း...မေးလာခဲ့ပါတယ်ရှင်...မိက်ကပ်မျက်နှာ.
မဟုတ်တဲ့..ပကတိချစ်စရာဟန်ပန်လေးနဲ့..မိုင်လေးက..အင်မတန်မှ..စိတ်ထားဖြူစင်ပြီး..သဘောလည်း
တော်တော်ကောင်းတာကို..ဆုဂျေတွေ့ခဲ့ရပါတယ်ရှင်...ကဲ...အင်တာဗျူးလေးစရအောင်နော်..


**မင်္ဂလာပါမိုင်လေးရေ...
***ဟုတ်..မဂ်လာပါမမ။

**ပထမဆုံးမိုင်လေးခုဂီတလောကထဲရောက်လာပုံလေးကိုပြောပြပါလား။
***ဟုတ်မမ..မိုင်လေး...အသစ်ကြိုက်သူများအခွေလေးထဲက..အဝေးထွက်သွားသူဆိုတဲ့သီချင်းလေးနဲ့..
စ၀င်လာတာပါမမ..။

**မိုင်လေးရဲ့တစ်ကိုယ်တော်ခွေလေးလည်းပေါက်တယ်နော်..လူငယ်တွေကြားထဲပေါ့။
***ဟုတ်တယ်နော်မမ..တော်တော်အံ့သြဖို့ကောင်းတယ်သိလား..။ထွက်ပြီးတစ်နှစ်လောက်ကြာမှ..ပေါက်တာလေ..
မိုင်လေးကံဇာတာကိုကအဲလိုမမရဲ့...သိလား...ဟုန်းကနဲမဖြစ်ဘူး...step by step ပေါ့နော်...အဲလိုလေးပဲ
ကောင်းပါတယ်နော်မမ...ဟုန်းကနဲ့တက်ပြီး...ဟုန်းကနဲပြန်ကျတာမျိုးလည်း..မိုင်လေးမကြိုက်ဘူးလေ..။

**ဟုတ်တာပေါ့မိုင်လေးရ..ဒါနဲ့..အဲဒီခွေလေးထဲမှာ..မိုင်လေးအကြိုက်ဆုံးသီချင်းလေးကဘာလဲဟင်..။
***ဟုတ်..မိုင်လေး..ရင်ခွင်စစ်ကိုကြိုက်တယ်မမ။

**ရှိုးတွေဆိုရင်လည်း..မြူးမြူးလေးကတာတွေ့ရတယ်နော်မိုင်လေးကိုလေ။
***ဟုတ်မမ..ခုတော့လေမိုင်လေးသိပ်မကတော့ပါဘူးမမရယ်...မိုင်လေးကိုခါတယ်ပြောကြတယ်လေ...မိုင်လေး
ပရိတ်သတ်တွေကလည်းပြောတယ်မမ...သိပ်မကနဲ့တဲ့..မိုင်လေးပရိတ်သတ်စကားကိုနားထောင်နေပါတယ်မမ.
နောက်ထပ်ဆန်းသစ်မယ့်..Performance လေးတွေလုပ်ပြဖို့တော့..စဉ်းစားထားပါတယ်မမ။

**ဟုတ်လား...ကောင်းတာပေါ့..အကသင်တန်းရောတက်သေးလား။
***မတက်ဘူးမမ.။အိမ်မှာပဲ..မိုင်လေးဘာသာသီချင်းဖွင့်ပြီး..ကျင့်တယ်လေ..။

**ဒါနဲ့မိုင်လေးစတိုင်လ်လေးတွေက..ထူးတယ်နော်..ဒီဇိုင်နာသီးသန့်ထားလားဟင်..။
***မထားဘူးမမ..မိုင်လေးအဒေါ်တွေနဲ့တော့..တိုင်ပင်ဖြစ်ပါတယ်မမ...အမြတ်တနိုးဖက်ရှင်ဆိုင်က..မမြတ်မြတ်နိုင်
တို့ပေါ့။

**ဒုတိယအခွေရောစနေပြီလား..
***ဟုတ်မမ...အတီးတွေတော့စသွင်းနေပါပြီမမ...I.C နဲ့လေ..ခုမှစလုံးရေစပဲရှိပါသေးတယ်မမရယ်..။

**Title ကိုရောဘယ်လိုပေးထားလဲဟင်..။
***ပ.ဖ.ဗ.ဘ.မ လို့တော့ယာယီပေးထားတယ်မမ...ပြောင်းဖြစ်မပြောင်းဖြစ်တော့မသေချာသေးပါဘူးမမ။

**တေးရေးတွေကရောဘယ်သူတွေပါမလဲဟင်။
***တေးရေးက...ကိုဖော်ကာရယ်..နောက်..ကိုအောင်လပါမယ်...နောက်ပြီး  Ko Nger ပါမယ်မမ။

**မလေးရှိုးမှာဆိုတာလည်းတော်တော်အားပေးတာတွေ့ရတယ်နော်မိုင်လေးကိုလေ။
***ဟုတ်တယ်မမ..အဲဒီကပရိတ်သတ်ကြီးကမိုင်လေးကိုတော်တော်အားပေးကြတယ်လေ...ဒီ့အတွက်ပျော်
လည်းပျော်တယ်..ပရိတ်သတ်ကြီးကိုကျေးဇူးလည်းတင်မိပါတယ်မမရယ်..။

**အန်တီမိုင်ဆိုခဲ့တဲ့..မလွမ်းပိုသီချင်းလေးကနားထောင်လို့ကောင်းတယ်နော်
***ဟုတ်တယ်နော်မမ...မိုင်လေးပြန်ဆိုမလို့လုပ်နေတယ်...အားပေးပါနော်မမ။

**ဒါပေါ့..အားပေးမယ်စိတ်ချ...အန်တီမိုင်နဲ့ရောဘယ်နှစ်ပုဒ်ဆိုထားလဲ။
***ဖုန်းမဆက်နဲ့တစ်ပုဒ်ထဲမမ..ဆိုဖို့အစီအစဉ်ရှိပါတယ်မမ။

**ဇာတ်ကားတွေရိုက်ထားတာလည်းတွေ့ရတယ်နော်...၀ါသနာပါလား..
***ဟုတ်မမ...ပါတယ်..(ရယ်လျက်)..


**သီချင်းဆိုတာနဲ့ကားရိုက်တာဘယ်ဟာပိုဝါသနာပါလဲမေးရင်....
***သီချင်းဆိုတာပေါ့မမရယ်...ပိုဝါသနာပါလို့ပဲ...မိုင်လေးသီချင်းလေးနဲ့စ၀င်လာခဲ့တာလေနော်.။

**ဟုတ်ပါပြီရှင်..ဒါနဲ့ခုလိုနေရာလေးတစ်နေရာရလာအောင်မိုင်လေးဘာတွေရင်းနှီးခဲ့ရလဲဟင်..
***အဓိကကတော့..အချိန်တွေပေါ့မမရယ်..နောက်...ပေါင်းသင်းဆက်ဆံရေးပေါ့နော်...လွတ်လွတ်လပ်လပ်
သွားလာခွင့်တော့ဆုံးရှုံးရတာပေါ့မမရယ်...သူငယ်ချင်းတွေလည်းလျော့ကုန်တယ်လေ..။

**ဟုတ်တာပေါ့..မိုင်လေးကျန်းမာရေးကိုရော..ဘယ်လိုထိန်းလဲဟင်...
***အထူးတလည်ကြီးတော့အဲလိုမထိန်းပါဘူးမမရယ်...မိုင်လေးက..နေမကောင်းဖြစ်ခဲတယ်..သိလား..
နေပူကပြန်လာရင်တော့..ရေခဲရေမသောက်ဘူးမမ..အသံဝင်မှာစိုးလို့လေ...အသံကလေ...၀င်လည်း..
အိပ်ပြီးမနက်ရောက်ရင်...ပြန်ကောင်းသွားတတ်တယ်လေမမ။

**ဟုတ်လား...ကံကောင်းတာပေါ့...တစ်ချို့ဆိုတော်တော်နဲ့မပျောက်ဘူးလေ..
***ဟုတ်တယ်နော်မမ..မိုင်လေးကံကောင်းတယ်ပြောရမယ်နော်.။

**ရှိုးတွေဆိုရင်ရော..အလွဲလေးတွေကြုံခဲ့ဖူးလား..
***ဟာ..ဘယ်ပြောကောင်းမလဲမမရာ...လွဲတာပေါ့..တော်တော်များတယ်...(ရယ်လျက်)။

**သီချင်းတစ်ပုဒ်ဆိုရင်ရော...မိုင်လေးဘာကိုအဓီကထားလဲ..။
***အဓိကကတော့..mood ရယ်..expression ရယ်ပေါ့နော်..နောက်ပြီး..Paste မယိုင်အေင်လည်း...မိုင်လေး
တိထားတယ်မမ။

**ဟုတ်ပါပြီမိုင်လေးရယ်...မိုင်လေးကိုအားပေးတဲ့ပရိတ်သတ်ကြီးအတွက်စကားလက်ဆောင်လေးပါးပေးပါဦးနော်။
***ဟုတ်မမ..မိုင်လေးကြိုးစားနေပါတယ်လို့..အားပေးရကျိုးနပ်အောင်ပေါ့နော်...ပရိတ်သတ်ကြီးကျန်းမာချမ်းသာ
ပါစေလို့လည်း...ဘုရားရှိခိုးတိုင်းဆုတောင်းပေးနေပါတယ်လို့...ပြောပေးပါနော်မမ။

**ဟုတ်ကဲ့ပါပြောပေးပါ့မယ်နော်...မိုင်လေးကိုမမကလည်းကျေးဇူးတင်ပါတယ်နော်..။
***ဟုတ်မမ..မိုင်လေးကပိုတင်ပါတယ်နော်..မမကို...သိလား...ချစ်လည်းချစ်တယ်။
(အယ်..ပြောပြောဆိုဆို..သူလေးက..ဆုဂျေပါးကိုအာဘွားပေးလိုက်ပါတော့တယ်...တော်တော်ချစ်ဖို့ကောင်းတဲ့မိုင်လေးပါရှင်)

0 comments:

Post a Comment