ဖူးစာရှင်လေး Android application

သတင်းတွေ ၊ နည်းပညာတွေ ၊ ကာတွန်း ၊ မြန်မာအနုပညာရှင်များရဲ့လှုပ်ရှားမှူတွေ model ဓါတ်ပုံများ အားကစား သတင်းများ တခြား ဗဟုသုတရစေမယ့်

မိစန္ဒီနဲ့ အင်တာဗျူး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Blog spot မှာ Online Web Mp3 Player ထည့်မယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

.

Showing posts with label blog. Show all posts
Showing posts with label blog. Show all posts

Friday, June 27, 2014

သို့/ လူငယ်များ.....

မြင့်မြတ်တဲ့စိတ်ဆန္ဒ၊မြင့်မြတ်တဲ့ရည်မှန်းချက်ရှိခြင်းဟာ အကျင့်စရိုက်ကောင်းရှိဖို့၊ အကျင့်သီလကောင်းရှိဖို့
အထောက်အကူအများကြီပေးတယ်လို့ဆိုနိုင်ပါတယ်။ ဒါကြောင့်လူငယ်လူရွယ်တွေကို အကျင့်စရိုက်ကောင်းရှိကြပါလို့
ပြောနေမယ့်အစား မြင့်မြတ်တဲ့ ရည်မှန်းချက် ပြင်းပြင်းထန်ထန် ရှိသင့်တယ်ဆိုတာကို ညွန်ပြပေးဖို့လိုအပ်တယ်။ 
အောက်တန်းကျတဲ့ စိတ်ဆန္ဒတွေရှိယင် အောက်တန်းကျတဲ့ အပြုအမူတွေ အလုပ်တွေကိုလုပ်ကျမှာပဲ။ ခိုးစားမယ့်လို့
ရည်ရွယ်ထားယင်ခိုးမယ် သူခိုးဖြစ်မယ်ပဲပါ့ဗျာ။
ဒီတော့ ဥပမာလေးတစ်ခုပြမယ် တခါက  ဂင်္ဂါမြစ်ဘေးက ကျောက်ဖျာပေါ်မှာနေတဲ့ ကျားသစ် တစ်ကောင်ရှိတယ်။
တစ်နေ့မှာတော့ မမျှော်လင့်ဘဲ ဂင်္ဂါမြစ်ရေတွေ ရုတ်ခြည်းလျှံလာတယ်။ မြစ်ရေက ဒီကျားသစ်နေတဲ့ ကျောက်ဖျာကြီးကို
ဝိုင်းပတ်မိသည်ထိ လျှံတတ်လာတာပေါ့။ ဒီအချိန်မှာ ကျားသစ်ကတွေးတယ် "အစာငတ်ပြီးသေမယ့်အတူတူ
ဥပုသ်စောင့်ယင်းသေတာကမှ အကျိုးရှိအုံးမယ် " လို့တွေးပြီး ဥပုသ်စောင့်ယင်းကျောက်ဖျာပေါ်မှာ အိပ်နေတယ်တဲ့။
သူအိပ်နေတုန်းအနီးနားက အသံကြားလို့ခေါင်းထောင်ကြည့်လိုက်တော့ သူနဲ့မနီးမဝေးမှာ ဆိတ်တစ်ကောင် ကိုမြင်ရတယ်။
ဒီတော့ ကျားသစ်လည်း ဆိတ်ကို သတ်ပြီး စားလိုက်ဦးမယ်" လို့ကြံပြီး ဆိတ်ကိုလိုက်ဖမ်းတယ်။
ဒါပေမယ့် ဆိတ်က အရှောင်အတိမ်းကောင်းတော့ လွတ်သွားတာပေါ့။ အဲတော့မှ ကျားသစ်က သူအိပ်တဲ့နေရာကို ပြန်လာပြီး
" အင်း ငါမှာ ဥပုသ်သီလမှ မပျက်သေးပဲဆက်ပြီးစောင့်လိုက်ဦးမယ်" ဆိုပြီး ပြန်အိပ်သွားတာပေါ့။
မြင့်မြတ်တဲ့ စိတ်ဆန္ဒက မပြင်းထန်တော့ ဖောက်ပြန်လွယ်တဲ့သဘောကို ပြောပြတာပါ။
ဖောက်ပြန်ချင်ရင်မဖောက်ပြန်အောင်" တောင့်" မခံကျဘူး ။ ရုရှားစကားပုံ တစ်ခုရှိတယ်
" ငွေကစကားပြောလာတဲ့အခါ အမှန်တရားဟာ ဆိတ်ငြိမ်နေတယ်"
"When money speaks, the truth is silent" တဲ့။
 ငါတို့မင်းတို့မှာ ဒါက ကောင်းတယ် ဒါကတော့မကောင်းဘူးဖို့ ဝေဖန်နိုင်တဲ့ အသိဥာဏ်တွေရှိပါလျက်နဲ့
လိုချင် မက်မောလောက်တဲ့ ငွေကြေးလာဘ်လာဘတွေ ရဲ့ ဆွဲဆောင်မှူကို ကိုယ်တိုင်ကြုံလာတဲ့အခါ ဘာမှ အမှားအမှန်
မပြောပဲ ဆိတ်ဆိတ်ငြိမ်ငြိမ် လက်ခံမိလိုက်တာပဲ။ ဒါကမမှန်မကန်တာတော့မဟုတ်ဘူး ။ စိတ်ကတောင့်မခံနိုင်လို့ပဲ။
ဒါကြောင့် ပြင်းထန်းတဲ့ စိတ်ဆန္ဒ ရှိဖို့လိုအပ်တယ်။
ငါတို့မင်းတို့တွေက မကောင်းတဲ့ အသေးအဖွဲ့လေးတွေကို ဂရုစိုက်ချင်မှ စိုက်လေ့မယ်
အို.. ဒါလောက်ကလေးနဲ့တော့ မဖြစ်လောက်ပါဘူးဆိုပြီး တစတစ လုပ်မိရာကနေ ပိုပိုလက်ရဲဇက်ရဲလာပြီး
တရားဥပဒေနဲ့ဆန့်ကျင်တဲ့ ကြီးကျယ်တဲ့ မသမာမှူကြီးတွေပါ လုပ်မိလာကျလေ့မယ်။
တစ်ခါက ပညာရှိအဘိုးအိုနဲ့ သူ့တပည့်လူငယ်လေးတစ်ယောက် လမ်းအတူလျောက်လာတယ်။
သူ့တပည့်မှာ အကောင်းတဲ့အကျင့်ဆိုးလေးတွေရှိတာကို အဘိုးအိုကသိတော့ သူ့ကို ဆုံးမဖို့ဆန္ဒ ရှိတယ်
ဒီတော့ လမ်းလျောက်ရင်းနဲ့ အဘိုးအိုက တပည့် ဟိုရှေ့က လက်သန်းလောက်ရှိတဲ့သစ်ပင်လေးကို
နှုတ်ပေးစမ်းပါ ပြောတော့ ကောင်လေးက ချက်ချင်းပဲ ဆွဲနှုတ်လိုက်တယ် အလွယ်တကူနဲ့ သစ်ပင်က ကျွတ်ထွက်လာတာပေါ့။
နောက်ရှေ့နားရောက်တော့ နည်းနည်း နှုတ်ရလွယ်ပြီး ပိုကြီးတဲ့အပင်ကို တွေ့တော့ ထက်နှုတ်ခိုင်းပြန်တယ်
ကောင်းလေးကလည်း အလွယ်တကူနဲ့ပဲ နှုတ်လိုက်ပြန်တာပေါ့။ ဒါနဲ့ကောင်လေးက နားမလည်လို့မေးတယ်။
ဘာလို့နှုတ်ခိုင်းရတာလဲပေါ့။ အဘိုးက ဘာမှမပြောပဲ ထုထည်ကြီးပြီး သစ်ပင်ကြီးတစ်ပင်ကို လက်နဲ့ နှုတ်ခိုင်းပြန်တယ်။
ဒီလောက်ကြီးတဲ့အပင်ကို ကောင်လေးက ဘယ်နှုတ်နိုင်ပါ့မလဲ။ ဒီတော့မှ အဘိုးအိုက အေး ငါ့တပည့် ဒီသစ်ပင်လေးတွေလိုပဲ
ငယ်တဲ့အခါမှ နှုတ်ရလွယ်ကူသလောက် ခုလို ကြီးလာတဲ့အခါ နှုတ်ရမလွယ်တော့ဘူး ။ ဒီလိုပဲ ငါတို့မင်းတို့ရဲ့ မကောင်းတဲ့
အကျင့်ဆိုးလေးတွေကလည်း အသေးအဖွဲ့လေးတွေကစပြီး တစ်ဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါ အဲ အကျင့်ဆိုးတွေကို
ဖောက်ဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ မကောင်းတဲ့အကျင့်ဆိုးတွေကို အသေးအဖွဲ့လေးတွေကအစ ရှောင်ကျင်ဖို့လိုတယ်လို့။
 အဘိုးအိုက လက်တွေ သာဓက တစ်ခုနဲ့ ရှင်းပြလိုက်တာပေါ့။
 ကဲ ဒီတော့သူငယ်ချင်းတွေလည်း ကျွန်တော်ရေးတဲ့ပို့စ်လေးကို ဖတ်ပြီး အသိပညာ ဗဟုသုတ လေးတွေ
တစ်ခုခု ရရှိမယ်လို့ မျှော်လင့်ပါတယ်။
ဆက်လက်ကြိုးစားပါဦးမည်
ဂျွန်ဖြိုး♥♥ဖူးစာရှင်လေး♥♥

ယခုရေးသားသော စာများကို ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်များမှ ကိုးကားပြီး ရေးသားထားခြင်းဖြစ်သည်။

Friday, March 15, 2013

ရင်ထဲက ခံစားချက် 15.3.2013


ကျွန်တော်နားထဲမှာကြားနေတဲ့အသံက မြန်မာရုပ်ရှင်ကားတွေကြည့်ပြီး
မပီပြင်တာရယ် နည်းပညာမကောင်းတာရယ် လိုအပ်ချက်တွေများနေတယ်
ဆိုတာမျိုးတွေနဲ့အမျိုးမျိုးဝေဖန်ခံနေရတာတွေကြားရပြီး ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်
2013 ဆိုတဲ့ခေတ်ကြီး ရောက်လာပါပြီ အိမ်နီးချင်းနိုင်ငံအတော်များက
ရုပ်ရှင်နည်းပညာတွေတိုးတတ်နေပါပြီး ။ မြန်မာနိုင်ငံရုပ်ရှင်လောကမှာ နည်းပညာပိုင်းတွေ
မတိုးတတ် မပီပြင်ဖြစ်နေတာကို တကယ် အားမရမိပါဘူး ။ သူတို့လုပ်သလို
ငါတို့မလုပ်နိုင်ဘူးလားလို့ ကျွန်တော့ကိုယ်ကျွန်တော်မေးနေခဲ့တာလည်းကြာပါပြီ ။
ဒီလိုနဲ့ ကျွန်တော်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး အင်တာနက်ထိုင်တိုင်း video effect တွေ
ကျွန်တော်လေ့လာပါတယ် ။ ဘယ်ဆော့ဝဲလ်သုံးမလဲ ဘယ်လိုလုပ်မလဲ အသံ effect တွေ
essential movies တွေရောနောက်ပြီး 3D နဲ့ဖန်တီးတဲ့ landscape တွေ အဆောက်အအုံတွေ
နောက်ပြီး composite ပိုင်းတွေရော အဆုံပဲ တစ်ယောက်တည်း လေ့လာနေရတာ
ကျွန်တော်အရမ်းပင်ပန်းပါတယ် ။ လူတစ်ယောက်ဟအမြင့် ဘယ်လောက်ရှိမှန်းမသိတဲ့
တောင်ပေါ်ကို ခွန်အားချီ့နဲ့နေပေမယ့် ကြိုးစားတတ်နေပါတယ် ။ ဒါကလည်း ကျွန်တော်
လူမျိုးတွေ ကျွန်တော့်နိုင်ငံကို တိုးတတ်စေချင်တယ် ဖြစ်စေချင်တဲ့ စိတ်တွေပြင်းထန်နေလို့ပါ ။
ကျွန်တော့ဘ၀အတွက်စွန့်စားခန်းတစ်ခုလို့ပြောရမလားတော့မသိဘူး
ကျွန်တော်က TU ( civil Btech ) နဲ့ကျောင်းပြီးတော့ ရန်ကုန်မှာ Auto Cad
လာတတ်နေတာပါ ။ အားတဲ့အချိန်တွေ video effect တွေလေ့လာဖြစ်ပါတယ် ။
ဒီလိုနဲ့တစ်ရက်မှာ အခွင့်အလမ်းဂျာနယ်ထဲမှာ 3d profession animation  ဆိုတာတွေတော့
စိတ်ဝင်စားသွားပါတယ် ။ ဆိုဒ်လိပ်စာပေးထားတော့ ကျွန်တော်လည်းဝင်ကြည့်မိတာပေါ့
www.vertexanimationstudio.com ပါ ။ ဒီလိုနဲ့ ဆိုဒ်မှာတင်ထားတာတွေလည်း သဘောကျပါတယ်
ကျွန်တော်ဖြစ်ချင်နေတာနဲ့ ကွက်တိလာတိုးတော့ တအားပျော်သွားတယ် ။
သင်တန်းက လူ ၁၀ ယောက်ပဲခေါ်တာပါ ။ ဒီသင်တန်းကိုတတ်ဖြစ်ဖို့ ကျွန်တော် စိတ်တွေ
တအားပြင်းထန်လာပါတယ် ။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့
ကျွန်တော်က ဆောက်လုပ်ရေးလိုင်း ခုက video editing လိုင်းဖြစ်နေတယ် ။
ကျွန်တော်ဘာလုပ်စားမှာလဲ တစ်ခုတော့ရွေးရတော့မယ် ။
ကျွန်တော့် မိဘ ကျွန်တော့်နောင်ရေးအတွက် မင်းဒါနဲ့ သွားမှာလား
စဉ်းစားစရာတွေက အများကြီးပြည့်နေတယ် ။ လက်ရှိအခြေနေက ငွေရေးကြေးရေးကလည်း
ကြပ်တဲ့အချိန်ဖြစ်တော့ပိုဆိုးတာပေါ့ ။ ဒါပေမယ့် ကျွန်တော့်အမေက အရမ်းချစ်ဖို့ကောင်းတယ်
ကျွန်တော့်ဝါသနာကို အခတ်အခဲတွေကြားကနေ ဖြစ်အောင်လုပ်ပေးတယ် ။
သင်တန်းတတ်တော့လည်း ကွန်ပျူတာက graphic ပါမှအဆင်ပြေမှာ ကွန်ပျူတာလည်း
ဝယ်ရဦးမှပေါ့ ။ ဒါမှပြန်လေ့ကျင့်လို့ရတယ် ။ ကျွန်တော့လိုအပ်ချက်တွေကို
အမေက ယုံကြည်မှူအပြည့်နဲ့ ကျွန်တော့်ကိုဖြည့်ဆည်းပေးပါတယ် ။
ကျွန်တော် အရမ်းပျော်နေသလို ကျွန်တော်ငိုလည်းငိုချင်နေမိပါတယ် ။
ကျွန်တော့်ဝါသနာအတွက် ကျွန်တော့အမေ စိတ်ပင်ပန်းနေမလား ကျွန်တော်
အရမ်းတွေးပြီး ပူနေမိပါတယ်။ အမေရေ အမေ့သား အမေ့ကို လုပ်ကျွေးချင်နေပါပြီး .
သားအောင်မြင်အောင်ကြိုးစားပါ့မယ် ။ အမေ့ကိုလည်း သတိရတယ် ပြီးတော့ အမှတ်တရအနေနဲ့
ဒီဆိုဒ်လေးမှာ ကျွန်တော့်ရဲ့နေ့စဉ်ခံစားချက်လေးတွေနဲ့ အခတ်အခဲလေးတွေကို
ရင်ဖွင့်ရေးသားပြီး ။ ကျွန်တော်လေ့လာနေတဲ့ နည်းပညာပိုင်းလေးတွေလည်းမှတ်သားရေးသားပါ့မယ် ။

ရင်ထဲက ခံစားချက်
htun Aung Phyoe