.

Sunday, March 24, 2013

Windows မတတ်၊ မကြာခဏပြုတ်ကျနေပါက



အငယ်စား -
အများဆုံးကတော့ Software Patch တစ်ခုခုကြောင့်
ဖြစ်နိုင်ချေရှိပါတယ်။ Windows ကို automatic update လုပ်ဖို့ Setting
လုပ်ထားခဲ့ရင် ကိုယ်သတိမထားမိလိုက်ဘဲ System ဖိုင်တွေကို
ပြောင်းသွားနိုင်ပါတယ်။ System ဖိုင်တွေပဲဖြစ်ဖြစ်၊ driver
ဖိုင်တွေပဲဖြစ်ဖြစ် update လုပ်လိုက်ပြီဆိုရင် မူလ setting ကို ကွန်ပြူတာက
အလိုအလျောက်မှတ်ထားပေးပါတယ်။ တကယ်လို့ ပြဿနာတစ်ခုခုရှိခဲ့ မယ်ဆိုရင်
နဂိုမူလပုံစံအတိုင်း ပြန်ထားပေးလို့ရပါတယ်။ XP မှာဆိုရင်တော့ System
Restore ကိုသုံးရင်သုံး၊ ဒါမှမဟုတ် ကွန်ပြူတာကို Restart လုပ်၊ “တီ”
ဆိုတဲ့ အသံကြားကြားချင်း F8 နှိပ်၊ Last Known Good Configuration
ကိုရွေးပြီး boot လုပ်လိုက်ရင် ပြေလည်သွားပါလိမ့်မယ်။

အလတ်စား -

Last Known Good Configuration ကမကယ်နိုင်ဘူးဆိုရင်တော့
hardware ပစ္စည်းတစ်ခုခု၊ ဒါမှမဟုတ် System Software
တစ်ခုခုပျက်သွားတာဖြစ်နိုင်ပါတယ်။ သေသေချာချာ သိနိုင်အောင် Safe Mode
နဲ့ဝင်စစ်ဆေးကြည့်နိုင်ပါတယ်။ Safe Mode ဆိုတာကတော့ မရှိမဖြစ်လိုအပ်တဲ့
Keyboard, Mouse, Monitor driver တွေကလွဲရင် ကျန် driver တွေ
အားလုံးကိုဖြုတ်ချထားတဲ့ diagnosis လုပ်ဖို့ အထူးစီမံထားတဲ့စနစ်တစ်ခုပါ။
SafeMode ထဲဝင်ဖို့ ကွန်ပြူတာကို reboot လုပ်ပြီး screen အမဲကြီး
ပေါ်လာတာနဲ့ F8 ကိုနှိပ်လိုက်ရင် Windows ကိုဘယ်လို Mode နဲ့ boot
လုပ်မလဲဆိုတာကို ရွေးပေးလို့ရတဲ့ menu ပေါ်လာပြီး အဲဒီက တစ်ဆင့် SafeMode
ကိုရွေးကာ enter ခေါက်လိုက်ရင် ရပါတယ်။
Graphic Card driver ကိုပါ
ဖြုတ်ထားမှာဖြစ်တဲ့အတွက် ပုံမှန်မြင်နေကျ လှလှပပပုံစံနဲ့မြင်ရမှာတော့
မဟုတ်ပါဘူး။ Hardware ကြောင့် ပြဿနာဖြစ်နေတာလားသိနိုင်ဖို့ Start >
Control Panel > Performance and Maintenance > System >
Hardware > Device Manager ကိုသွားပြီး စစ်ဆေးကြည့်နိုင်ပါတယ်။
အ၀ါရောင် question mark လေးတွေမြင်နေရပြီဆိုရင်တော့ အဲဒီ device
မှာပြဿနာရှိနေပါပြီ။ Double click နှိပ်ပြီး ပေါ်လာတဲ့ message အပေါ်မူတည်ကာ
ဆက်လက် ဖြေရှင်းသွားရပါမယ့်။ Software တစ်ခုခု install လုပ်ပြီးမှ
စက်ကမတတ်တော့တာဆိုရင်တော့ Start > Control Panel > Add or Remove
Programs ကိုသွားပြီး အဲဒီ Program ကို unistall လုပ်နိုင်ပါတယ်။ အစစအရာရာ
စစ်ဆေးပြီးရင် စိတ်ချရပြီဆိုရင်တော့ စက်ကို ပုံမှန်အတိုင်းပဲ reboot
လုပ်ပြီး ဆက်သုံးနိုင်ပါပြီ။

အပြင်းစား -

Safe Mode နဲ့မကယ်နိုင်ဘူးဆိုရင်တော့ သိပ်မလွယ်ပါဘူး။ Windows
ရဲ့ System ဖိုင်တွေမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ Hard disk ကို
format မကျွေးခင် ရလို့ရငြား Repair လေးလုပ်ကြည့်လိုက်ပါဦး။ Windows
Installer CD လေးနဲ့ boot လုပ်ပြီး “To set up Windows XP now” ကိုရွေးကာ
enter ခေါက်၊ license agreement ကို accept လုပ်ပြီး အရင်ရှိပြီးသား
Windows ရဲ့ Installed path ကိုလာပြပါလိမ့်မယ်။ အများအားဖြင့် C:\WINDOWS
ဖြစ်လေ့ရှိပါတယ်။ အဲဒီမှာ “To repair the selected Windows XP
Installation” အတွက် R ကိုနှိပ်လိုက်ရင် Windows ရဲ့ဖိုင်တွေကို reinstall
လုပ်သွားပြီး စက်က restart လုပ်သွားပါလိမ့်မယ်။
ကံကောင်းထောက်မလို့စက်ပြန်တက်လာပြီ ဆိုရင်တော့ firewall ကို On ထားပြီးမှ
Start > All Programs > Windows Update ကိုသွားကာ patch တွေကို
အင်တာနက်ကတစ်ဆင့် install လုပ်နိုင်ပါပြီ။

အဆင်ပြေနိုင်ကြပါစေ
 

1 comments:

  1. file twae flat so pyi 3 secs ta kar pyit tar yal pyi taw. edde lo pyit taw. sar yite tar twae par pyan pyi auto select twae br twae pyit pyit thar tar game salt yin lal pyan pyan pyi lone wa kya kya thar tar edder VGA ma kaung loz. lar bro bar pyit loz.par tha lal bro bal lo lote yin pyan kaung ni pr tha lal bro...

    ReplyDelete