
ဘယ်ဘက်ပုံကနေ ညာဘက်ပုံကိုသွားမယ်နော်
စိတ်ဝင်စားတဲ့သူငယ်ချင်းတွေက အောက်ကအတိုင်း လိုက်လုပ်လို့ရပါတယ်။
ပုံ ၁

မူလပုံက ဒါလေးပါ ဒီပုံကို ပြင်မှာပါ ။ မရှိတဲ့သူငယ်ချင်းတွေက ပုံပေါ်မှာ right click နှိပ် Save image as နော် :)
ပုံ ၂

ပြီး Photoshop ထဲမှာ ဖွင့်ပါ ပုံ ၂ မှာပြထားတဲ့ အတိုင်း အမှတ်စဉ်အတိုင်း အစဉ်လိုက်လုပ်ပါ ။
ပုံ ၃

ပုံ ၃ မှာပြတဲ့အတိုင်း Line လေးတစ်ခုဆွဲပါ
ပုံ၎

ပုံ ၄ ကအတိုင်း အရင်လုပ်ပါ ဒီကောင်က brush အရွယ်အစားကိုညှိချင်လို့လုပ်တာပါ ။
ညှိပြီးဘာမှမလုပ်ရပါဘူး ပုံ ၅ မှာပြတာကိုဆက်လုပ်လိုက်ပါ ။
ပုံ ၅

ပုံ ၅ မှာရှင်းပြတဲ့အတိုင်း လုပ်ပြီးရင် ပုံ ၆ အတိုင်းလေးမြင်၇မှာဖြစ်ပါတယ်
ပုံ ၆

အခု အနီရောင်အတန်းလေးပေါ်မှာ လိုင်းလေးကမပျောက်သေးပါဘူး။
ပုံ ၇ မှာပြောတဲ့အတိုင်းလေးလုပ်လိုက်ပါ ။
ပုံ ၇

ခုလို enter ခေါက်လိုက်ရင် ပုံပေါ်က အနီးလိုင်းပေါ်က pentool နဲ့ဆွဲတဲ့လိုင်း ပျောက်သွားပါတယ်။
ပုံ ၈

ပြီးရင် ပုံ ၈ မှာ ပြတဲ့အတိုင်း brush size ကိုနည်းနည်းအကြီးရွေးပြီး Layer သစ်တစ်ခု
ထက်ခေါ်ပေးပါ ။
ပုံ ၉

စောနက အနီးလိုင်းပေါ်မှာ brush လေးနဲ့ ကာလာစုံ လိုက်ဆွဲပေးလိုက်ပါ ။
ပုံ ၁၀

ပြီးရင်
layer မှာတစ်ချက်ကြည်ကပေးပါ ။ keyboard က ALt ကိုနှိပ်ထားပြီးးlayer 1 နဲ့
layer 2 ကြားမှာ မျှားထောက်လိုက်ပါ အဲမှာ မျှားပုံက
စက်ဝိုင်းနှစ်ခုထက်နေတဲ့ မျှားပုံလေး
ပြောင်းသွားရင် ကလစ်လိုက်ပါ ဒါဆိုရင် အထက်ပုံအတိုင်း ဖြစ်သွားပါလေ့မယ် ။
ပုံ ၁၁

ပြီးရင်ပုံကိုပြန်ကြည့်ပါ ခုလိုလေးတွေ့ရပါပြီး ။
ပုံ ၁၂

layer 1 က လေးဒေါင်းပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပါ ။ effect ထည့်ဖို့ဘောက်ကျလာလေ့မယ်
အဲထဲကouter glow ကိုရွေးပြီးပုံမှာပြထားတဲ့အတိုင်း ပြင်ကြည့်ပါ ။
ပုံ ၁၃

ပြီရင် ခဲ့ဖျက်လေးကိုယူပြီး မျက်နှာရှေ့က ပိတ်နေတဲ့ လိုင်းလေးကို ဖျက်ကြည့်ပါ။
ပုံ၁၄

ဒါဆိုရင်တော့ ခုလိုလေးဖြစ်သွားပါပြီး
ဟူး .................. မောတယ်ဟေ့
ရေလည်းတိုက်ဘူးနော့ :)
အဆင်ပြေပါစေနော့
ခင်မင်ကြိုးစားလျှက်
ဂျွန်ဖြိုး
:)
အားပေးသွားတယ်နော်အကို
ReplyDelete