.

Monday, March 25, 2013

Nuke basic node မှတ်သားခြင်း

Nuke basic function
 Project စတင်တော့မယ်ဆိုရင် အရင်ဆုံး
S နှိပ် Project Setting ပြောင်းရတယ် Fps ကို 29.97 ပြောင်းပေးပါ ။
Full size format ကို NTSC (720x486) 1.21 အချိုးပဲတွေ့ရတယ်
ဒါကအမေရိကန် standard ပေါ့ ။
ဒါကြောင့် New ခေါ်ပြီး ကိုယ်လိုချင်တဲ့ 720x480 1:2 အချိုးကို ရိုက်ထည့်ပြီးအတိအကျပြောင်းရမယ် ။

constant မှာ DV ratio (16:9) ပြောင်းပါ။
constant သတ်မှတ်တာကောင်းပါတယ် မဟုတ်ရင် ၀င်လာသမျှဖိုင်တွေကို
DV ratio လိုက်ပြင်နေရတတ်ပါတယ် ဒီကောင်ပါတော့ အကုန်လုံး အဆင်ပြေသွားတာပေါ့ ။

merge နဲ့ picture ပေါင်းပြီး viewer နဲ့ချိတ်ရင် V1 (screen ) မှာပေါ်ပါတယ်
ဒီကောင်ကပုံကို နောက်ဆုံးကနေစဆီရတာမျိုးပေါ့ ။
2d ပုံတွေကို alpha ပါအောင် လုပ်ပြီး ။
Nuke မှာထည့်သုံးတာပါ ။
picture နဲ့ merge တစ်ခုပေါင်းရင် layer တစ်ခုလို့မြင်ရမယ်
Picture and merge ကြားထဲမှာ color correction (Grade - G)
Defocus(Tan>Def) စသည့် ကြားခံနယ် effect တွေကိုထည့်ပြီး ပြင်လို့ရပါတယ် ။
(Roto-O)  ကတော့ photoshop မှာလို pen tool နဲ့ selection လုပ်လို့ရပါတယ်
Defocus ထည့်တဲ့အခါ Mesk မျှားနဲ့ Roto ကိုချိတ်ဆက်ရပါတယ် ။
Grade ကိုလည်း Roto ကိုချိတ်ဆက်ရပါတယ် ။
ကိုယ် Blur လုပ်ချင်တဲ့ Slection ကို roto နဲ့လုပ်ပြီးရင်
ဘေးက Feather effect ထည့်ဖို့အတွက် Ctrl + Drag ဆွဲပြီးထည့်လို့ရပါတယ် ။
layer ကို အရွေ့အပြောင်းလုပ်မယ် position နဲ့ rotate စတာတွေပြင်ဖို့အတွက်
Picture and merge ကြားမှာ Transform (T) ကိုခေါ်ပေးရမယ် ။
အဲကျရင် ပုံမှာ အ၀ိုင်းလေးပေါ်လာတတ်ပါတယ် ။အဲအ၀ိုင်းလေးမှာ လည်း ၀န်ရိုးပါတယ်
X, Y နဲ့ rotation တွေလည်းပြင်လို့ရတယ် ။ animation ဖြစ်ချင်ရင်တော့
Set key ချဖို့တော့လိုတယ် ။

Edit>Preferences>Control panels> 2 ကိုရွေးပေးပါ။
ဒါက V3 properties တွေကို အရေးအတွက်ပြောင်းပြီး ဖော်ပြလို့ရပါတယ် ။
အများကြီးပေါ်နေတာ့လည်းမျက်စိရှုပ်တာပေါ့ ။ လိုတာပဲဖော်ရအောင် ၂ ခုလောက်ဆိုအဆင်ပြေပါတယ်။

View တွေပြောင်းကြည့်ဖို့အတွက်
Shite+F1  Normal view
Shite+F2 Douuble View
Shite+F3 V1 ကိုအကြီးနဲ့မြင်ရမယ် ။
Input အတွက်က R
Output အတွက်က W

Merge မှာပါတဲ့ A မျှားက Foreground ၊ B မှားက Background အတွက်ဖြစ်ပါတယ် ။
Merge ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့ Node တွေပေါ်မှာ တစ်ချက်နှိပ်ပြီး D နဲ့ရင်
နှိပ်ထားတဲ့ layer ကို disable ခဏဖျောက်ထားတာမျိုးပါ ။

A and B မျှားချိတ်တာလွဲနေရင် ပြောင်းချင်ရင် Shift+X ကိုနှီပ်ရပါတယ်
ကြားမှာထည့်ထားတဲ့ Node ကိုထုတ်ချင်တယ်ဆိုရင် Node ပေါ်ဖိ Ctrl+Shift+X ကိုနှိပ်ရပါတယ် ။
ဒါက ပြန်ဆွဲထုတ်တာပါ ။

Nuke မှာ 2D နဲ့ 3D ပြောင်းချင်ရင် Tab ကိုနှိပ်ရပါတယ် မျှားကိုတော့ V1 မှာထားရပါတယ် ။
ကင်မရာ ပေါ်လာပြီးဆိုရင် Alt+ Left click ဖိ drag ဆွဲရင် Rotation
Alt+Right Click ဖိ ဆွဲရင် Zoom ဖြစ်ပါတယ်
Alt + wheel ဖိထားရင် pen လုပ်ပြီး ကိုင်ရွေ့လို့ရပါတယ် ။

..................




0 comments:

Post a Comment