သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့ လေးပါနော်..ခုဆုဂျေတင်ဆက်ပေးမယ့်
အင်တာဗျူးပိုင်ရှင်လေးကတော့ ငါ့နေရာဆိုတဲ့သီချင်းလေးနဲ့ ပရိတ်သတ်ရင်တွင်းတစ်နေရာကို နက်နက်ရှိုင်းရှိုင်း
ဝင်ရောက်လာတဲ့သူလေးပဲဖြစ်ပါတယ်...လတ်တလော Bo Bo Entertainment First Anniversary မှာ
လွမ်းလို့ ဆိုတဲ့သီချင်းလေးနဲ့ လူငယ်ထုရဲ့နှလုံးသားကို စိုးမိုးနေတဲ့အဆိုရှင်လေးဆိုရင်လည်းမမှားပါဘူး..။ကဲသူနဲ့ 
ဆုဂျေ တို့  ပြောဖြစ်ခဲ့တာလေးတွေကို အားပေးဖတ်ရှုကြည့်ပါဦးနော်..။
ပထမဆုံးဂီတလောကထဲရောက်လာပုံလေးသိပါရစေရှင်..။
ဟုတ် ငယ်ငယ်ကတည်းကအဆိုတော်ဖြစ်ချင်ခဲ့တဲ့စိတ်ရှိတယ်ဗျ..။ဒီတော့ဆယ်တန်းအောင်တော့စလုပ်ဖြစ်သွားတယ်
ဆိုပါတော့...။အဲဒီလိုကနေ..ရောက်လာတာပါ..း) ။
ငယ်ငယ်တုန်းကကြိုက်နှစ်သက်ခဲ့တဲ့အဆိုတော်တွေကဘယ်သူတွေများလဲ။
ငယ်ငယ်တုန်းကတော့ English သီချင်းတွေနားမထောင်ဖြစ်ဘူး..။ဒီကထွက်တဲ့ခွေတွေပဲနားထောင်ဖြစ်တယ်လေ..။
ကျွန်တော့်ရှေ့က စီနီယာတွေအကုန်လုံးကိုကြိုက်ပါတယ်..း) ။
အကြိုက်ဆုံးဂီတအမျိုးအစားကရော..
အကြိုက်ဆုံးကတော့ Hip Hop ပါ နောက် Hip Hop နဲ့ ဆက်နွယ်နေတဲ့  R&Bပေါ့..း)..။
သားသားနဲ့ တွဲဆိုထားတဲ့ခွေလေးကိုဘယ်လောက်ကစလုပ်ဖြစ်ခဲ့လဲ
အခွေမထွက်ခင် တစ်နှစ်လောက်ကဖြစ်မယ်ထင်တယ်..း)
အတွဲခွေဆိုတာစုစုပေါင်းဘယ်လောက်ရှိပြီလဲ
(၅)ခွေလောက်ရှိပါပြီ..း)။
တစ်ကိုယ်တော်ခွေရောဘယ်တော့လောက်ထွက်မယ်စိတ်ကူးထားလဲ
ဟုတ်ကဲ့ တစ်ကိုယ်တော်ခွေအတွက်သီချင်းတွေစလုပ်နေပါပြီ..ဒါ့ကြောင့်လည်း Online Version သီချင်းတွေ
မဖြန့် ဖြစ်တာပါ..သီချင်းခွေမလုပ်တာတော့မဟုတ်ပါဘူး..အမုန်းဒိုင်ယာရီ MTV ထွက်ပြီးတာနဲ့ .ကျွန်တော့် 
တစ်ကိုယ်တော်ခွေ ထွက်နိုင်အောင်ကြိုးစားမှာပါ..း)။
ခွေ Title ကိုရောဘယ်လိုပေးဖို့ စိတ်ကူးထားလဲ..
စဉ်းစားထားတာတော့ နှစ်မျိုး သုံးမျိုးလောက်ရှိပါတယ်..။သေချာတော့မှပြောပြမယ်နော်..ထူးဆန်းတာပဲဖြစ်မှာပါ..။
သီချင်းအမျိုးအစားတွေကရော Hip Hop နဲ့  R&B ပဲပေါ့..။
ကျွန်တော်ဆိုတဲ့သီချင်းတွေအကုန်လုံးက ကျွန်တော်ကိုယ်တိုင်ပဲရေးထားတာဖြစ်လို့  တစ်ခွေလုံးကျွန်တော်ပဲရေး
ဖြစ်မှာပါ...း)။
တွဲဖက်အဆိုတော်တွေကရောဘယ်သူတွေပါဦးမလဲ
လောလောဆယ်တော့ Solo တွေပဲလုပ်ရသေးတော့ Featuring တွေဘယ်သူတွေပါဦးမလဲမပြောတတ်သေးဘူး..။
သီချင်းရေးတာနဲ့ သီချင်းဆိုတာဘယ်ဟာကို ပိုအားသန်လဲ
သီချင်းရေးတာပါ..ကျွန်တော်သီချင်းဆိုတာကို ကိုယ့်ကိုကိုယ်အားမရသေးပါဘူးဗျာ..း)
ဘယ်ချိန်မှာသီချင်းရေးဖြစ်လဲ
လူတွေအိပ်တဲ့အချိန် ညဘက်တွေ..တိတ်ဆိတ်တဲ့အချိန်တွေမှာပဲရေးဖြစ်ပါတယ်..း)
သီချင်းတစ်ပုဒ်ရေးတဲ့အခါမှာ သံစဉ်ကိုဦးစားပေးပြီးရေးလေ့ရှိသလား ဒါမှမဟုတ် စာသားအရင်ရှာပြီးမှ သံစဉ်ကို
ရှာတတ်တာလား..။
တစ်ပုဒ်နဲ့ တစ်ပုဒ်မတူဘူးဗျ..တစ်ခါတစ်လေ စာသားအရင်ရတယ်..တစ်ခါတစ်လေလည်း သံစဉ်ရပြီးမှ စာသား
ထည့်တာမျိုးလည်းရှိတယ်..ပုံသေကြီးတော့မရှိပါဘူးး)..။
သီချင်းရေးတဲ့အခါမှာ ပရိတ်သတ်တွေအကြိုက်တွေ့ စေမယ့်စာသားကို Targetထားပြီးရေးလေ့ ရှိသလား
ဒါမှမဟုတ် ကိုယ့်ခံစားချက်အတိုင်းချရေးတတ်တာလား..။
ပရိတ်သတ်ကြိုက်လိမ့် မယ်ဆိုပြီးသီချင်းမလုပ်ဖူးဘူးဗျ...ကျွန်တော့်ခံစားချက်လေးတွေကိုပဲပရိတ်သတ်ခံစားစေချင်
တာပါ..း)။
သီချင်းတစ်ပုဒ်ရေးရင်... အကြာဆုံးအချိန်နဲ့  အမြန်ဆုံးအချိန်ကိုလည်းသိပါရစေရှင်
ဟုတ်..ဥာဏ်တိမ်နေတဲ့ အချိန်ဆိုရင် တစ်လလောက်တောင်ကြာတယ်..ဥာဏ်ကွန့် မြူးနေရင်တော့..(၁၅)မိနစ်
မိနစ်(၂၀)လောက်ပဲကြာတယ်..း)။
သီချင်းတစ်ပုဒ်ပေါက်ဖို့ အတွက်ဘာတွေအဓိကကျမယ်ထင်ပါသလဲ
အဲလိုပေါက်ရမယ်ဆိုပြီး ရည်ရွယ်ပြီးလုပ်တာမဟုတ်တဲ့အတွက်...ဖြေရခက်တယ်ဗျ...။ဒါပေမယ့်သီချင်းအပေါ်မှာ
ဘယ်လောက်ခံစားပြီးလုပ်တာရယ်..အဲခံစားချက်နဲ့ ပရိတ်သတ်ခံစားချက်တိုက်ဆိုင်ဖို့ လိုမယ်ထင်တယ်ဗျ..။
ပြီးတော့ ကံတွေ.စန်းတွေလည်းလိုဦးမယ်လို့ ထင်ပါတယ်..း)။
ရဲရင့်အောင်ဆိုပြီးသိသွားစေတဲ့သီချင်းလေးကရောဘာဖြစ်မယ်ထင်လဲရှင့်
ငါ့နေရာဆို တဲ့သီချင်းလေးပဲဖြစ်မယ်ထင်တယ်ဗျ..း)။
ဆိုခဲ့တဲ့သီချင်းတွေထဲက ကိုယ်တိုင်အားရကျေနပ်ဆုံးသီချင်းတွေရှိရင်ပြောပြပါနော်
အားရတယ်လို့ တော့မဟုတ်ဘူးပေါ့..ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ပုံစံကိုကိုယ့်ဘာသာသဘောကျနေတဲ့သီချင်းက
တော့ Bo Bo Anniversary တစ်နှစ်ပြည့်မှာဆိုထားတဲ့ လွမ်းလို့ ဆိုတဲ့သီချင်းလေးပါ..း)။ခဏခဏနားထောင်ဖြစ်
နေတယ်..း)။
ပရိတ်သတ်တွေဆီကရောဘယ်သီချင်းတွေကြိုက်တယ်ပြန်ကြားရလဲ
တစ်ယောက်နဲ့ တစ်ယောက်တော့မတူကြဘူးပေါ့..ဒါပေမယ့်ခုလောလောဆယ်တော့..စောနကကျွန်တော်ပြောတဲ့သီချင်း
လွမ်းလို့ ဆိုတာလေးကို အပြောများနေကြပါတယ်..း)။
အခုလိုကိုယ်ထူးထူးခြားခြားလေးဖန်တီးမှုအပေါ် ပရိတ်သတ်ကအသိအမှတ်ပြုအားပေးတာခံရတော့ဘယ်လိုခံစားရလဲ..။
ကျွန်တော်ကျေနပ်တယ်..ငါ့နေရာသီချင်းကိုကြိုက်တယ်လို့ ပြောတာထက်..ခု လွမ်းလို့ ဆိုတဲ့သီချင်းကိုကြိုက်တယ်ပြော
တာကိုပိုသဘောကျမိတယ်..။အဲသီချင်းက ကျွန်တော်လုပ်နေကျပုံစံတွေထဲက ခွဲထွက်ထားတယ်..အရင်ပုံစံတွေနဲ့ 
တစ်ခြားစီပဲ..အဲသီချင်းကိုပရိတ်သတ်တွေကကြိုက်တယ်ဆိုတော့..ကျွန်တော့်ခံစားချက်နဲ့ တစ်ထပ်တည်းကျလို့ နေမယ်
ကျွန်တော်ကျေနပ်ပါတယ်..း)။
ခံစားချက်အစစ်လားလို့ လည်းပရိတ်သတ်ကသိချင်နေကြတယ်နော်..း)
ဟုတ်ပါတယ်လို့ ပဲပြောရမှာပေါ့..ကျွန်တော့်ခံစားချက်အစစ်ပါ...း)။
ရှေ့ ဆက်ပြီးဂီတနဲ့ ပတ်သက်လို့ ဘယ်လိုအသစ်အဆန်းတွေပရိတ်သတ်တွေဆီချပြဖို့ စိတ်ကူးရှိလဲ..
ကျွန်တော် Rap တွေပြန်ဆိုဖို့ ရှိတယ်..ထူးထူးဆန်းဆန်းတွေတင်ဆက်ပေးဖို့ ရှိတယ်..ကျွန်တော့ Albumထွက်ရင်
ပါမှာပါ...အဲခါကျရင်အားပေးကြပါလို့ ..း)
Featuring အတူတွဲဆိုချင်တဲ့အဆိုတော်ရှိရင်လည်းသိချင်ပါတယ်
အဲလိုတော့မရှိပါဘူး ကျွန်တော်တစ်ယောက်တည်းဆိုရတာကိုပိုသဘောကျပါတယ်..း)။
အသံနဲ့ ပတ်သက်ပြီးတော့ရောဘာတွေရှောင်လဲ
မှန်တာပြောရရင်ကျွန်တော်မရှောင်ဘူး အကုန်စားတယ်..း) ရေခဲရေတော့ရှောင်တာပေါ့..။
ရှိုးပွဲအတွေ့ အကြုံရောဘယ်လောက်လောက်ရှိပြီလဲ
တော်တော်တော့များပြီဗျ..ကျွန်တော်မမှတ်မိတော့ဘူး..လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစဆိုဖြစ်တာဆိုတော့လေ..။
နယ်ပွဲတွေတော့မဆိုဖူးသေးဘူး..နေပြည်တော်နှစ်ကျိပ်ရှစ်ဆူကတော့ ပြောထားတယ်..သေတော့မသေချာသေးဘူးး)။
ရှိုးတစ်ခုဆိုမယ်ဆိုရင်ဘာတွေပြင်ဆင်တတ်လဲရှင့်
အဓိကကတော့ဆိုမယ့်သီချင်းရယ်..နောက်အ၀တ်အစားပေါ့...ပြီးရင်စောစောအိပ်လိုက်တာပါပဲ..း)
ဆိုနေစဉ် Stage ပေါ်မှာရော ပရိတ်သတ်ကိုဘယ်လိုတင်ဆက်မယ်ဆိုပြီးကြိုတွေးထားတာရှိလား
ဟုတ်..တစ်ခါတစ်လေတော့လည်းစဉ်းစားတယ်..တစ်ခါတစ်လေကျတော့လည်း စဉ်ပေါ်ရောက်မှ..စိတ်ထဲရှိသလို
ဆိုဖြစ်ပါတယ်...း)
ရှိုးဆိုရင်းနဲ့ လွဲခဲ့တဲ့အဖြစ်အပျက်လေးတွေရှိရင်လည်းပြောပြပါဦး
ဟုတ်အများကြီးပဲ..ပွဲတိုင်းကတော့အမှတ်တရချည်းပါပဲ..ကျွန်တော်ကအမြဲကိုးယိုးကားယားနိုင်တဲ့သူဆိုတော့လေ..း)
အားလပ်ချိန်ကိုရောဘျယ်လိုအသုံးချတတ်သလဲ
အားလပ်ချိန်မှာ ကျွန်တော်သီချင်းနားထောင်ဖြစ်တာများတယ်ဗျ..း)
အ၀တ်အစားဒီဇိုင်းကိုရောဘာပုံစံတွေစိတ်ဝင်စားလဲ
အခုလောလောဆယ်တော့ Europe ဘက်ကဒီဇိုင်းတွေစိတ်ဝင်စားနေတယ်..၀တ်ဖြစ်တာကတော့ကိုယ်နဲ့ လိုက်မယ့်
ပုံစံမျိုးပါပဲ..း)
ဆံပင်ပုံစံကရောဘာပုံကိုနှစ်သက်လဲ
အရင်တုန်းကတော့ အရှည်ကိုကြိုက်တယ်ဗျ..ခုတော့ အတိုလေးပဲကြိုက်တော့တယ်..။
စိတ်ညစ်နေရင်ဘာလုပ်တတ်လဲ
စိတ်ညစ်ရင်သူငယ်ချင်းတွေနဲ့ လျောက်သွားတယ်..သီချင်းနားထောင်တယ်..။
အခက်အခဲတွေကိုရောဘယ်လိုကျော်ဖြတ်လဲ..
အားလုံးကိုဖြစ်အောင်လုပ်မယ်..နောက်ပြန်မလှည့်ဘူးဆိုတဲ့စိတ်နဲ့ ကျော်ဖြတ်ခဲ့ပါတယ်..း)
Biography လေးလည်းမိတ်ဆက်ပေးပါဦး
မိဘတွေက ဦးစိုင်းလွင်အောင်နဲ့ ဒေါ်မေစိုးမြင့်ပါ..။တစ်ဦးတည်းသောသားပါ..GTC 1st year အောင်ပြီး နားထား
ပါတယ်..ဇာတိကတော့ရန်ကုန်ကပါဗျာ..။
On line ကဆက်သွယ်ချင်တဲ့ ပရိတ်သတ်တွေအတွက်
www.facebook.com/youngyairပါခင်ဗျာ..း)
ရဲရင့်အောင်ကိုအင်တာဗျူးပေးပါလို့ တောင်းဆိုလာကြတဲ့ပရိတ်သတ်တွေအတွက်စကားလက်ဆောင်လေးပြောပါနော်
ခုလို ကျွန်တော့်အနုပညာတွေကိုစိတ်ဝင်တစားတောင်းဆိုလာကြတဲ့အတွက် ကျွန်တော်ဒီထက်သစ်တဲ့အနုပညာတွေ
ချပြဦးမှာပါ..အားပေးကြပါဦးလို့ .. ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်လို့း)။
ခုလို အွန်လိုင်းအင်တာဗျူးလေးလုပ်ရတဲ့အပေါ် ခံစားချက်လေးသိပါရစေ
ဟုတ်ကဲ့ ကောင်းပါတယ်..တစ်ခြား media တွေကနေ မလေ့လာနိုင်တဲ့ပရိတ်သတ်တွေအတွက် သူတို့ ချစ်တဲ့အနုပညာ
ရှင်တွေအကြောင်းကိုသိရတာပေါ့ဗျာ..း)
ခုလိုဖြေကြားပေးတဲ့အဆိုတော်ရဲရင့်အောင်ကို ဖူးစာပရိတ်သတ်များကိုယ်စား ကျေးဇူးတင်ပါတယ်နော်
ဟုတ်ကဲ့ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ဗျာ...။
ဒါကတော့ရဲရင့်အောင်သီချင်းတွေပါ..
ို
လေးစားချစ်ခင်လျှက်
♪♥♪ဆုဂျေ♪♥♪
0 comments:
Post a Comment