.

Tuesday, March 26, 2013

ဒီမိုဂျစ်တူး အင်တာဗျူး

သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်... ဒီတစ်လအတွက်ဆုဂျေဖော်ပြပေးမယ့်
အင်တာဗျူးပိုင်ရှင်လေးကတော့...အကိုဆိုတေးနဲ့တွဲဆိုထားတဲ့သီချင်းကောင်းလေးကိုသီဆိုသူ...Demojacktoo
ပဲဖြစ်ပါတယ်ရှင်..မကြာခင်ဂီတလောကထဲမှာထွန်းတောက်လာမယ့်ကြယ်တစ်ပွင့်ဆိုရင်လည်းမမှားပါဘူးနော်...
ကြိုးစားတဲ့သူတွေကိုကြိုဆိုတတ်တဲ့..ဖူးစာရှင်လေးထဲကသူငယ်ချင်းမောင်နှမတွေရဲ့...စိတ်ထားလေးတွေကြောင့်...
ဆုဂျေလည်း...ရိုးသားကြိုးစားတဲ့သူလေးကို...ခုလိုတင်ဆက်လိုက်ရပါတယ်နော်...သာမာန်အင်တာဗျူးတစ်ခုထက်..
ပိုလို့အတွေးလေးတစ်ခုခုရခဲ့တယ်ဆိုရင်တော့...ဆုဂျေတို့ကြိုးစားမှုလေးအရာထင်တယ်လို့ဆိုရမှာပေါ့နော်...
ကဲရှုစားကြည့်ရအောင်နော်...
https://mail.google.com/mail/?ui=2&ik=426b0f7396&view=att&th=133b6c1ddac4673b&attid=0.2&disp=inline&realattid=f_gkqvwwj02&zw


**အကိုရဲ့အနုပညာနာမည်လေးက..Demojacktoo နော်..
***ဟုတ်ပါတယ်ညီမလေး...

**ဘယ်လိုကြောင့်အဲနာမည်လေးပေးဖြစ်သွားတာလဲ..
***အကိုငယ်နာမည်က..ဒီမိုလေ..နေတာကဂျစ်တစ်တစ်နဲ့မို့..ဂျစ်တူးလို့လည်းခေါ်ကြတယ်လေ...
ဒီတော့..2ခုပေါင်းပြီးပေးဖြစ်သွားတယ်ဆိုပါတော့ဗျာ..။

**ဒီလိုပေးဖြစ်တာက...အနုပညာသမားမှန်ရင်..နာမည်ဆန်းနေရမယ်လို့အကိုခံယူလို့လား..
***မဟုတ်ပါဘူး...တစ်ချို့ကျတော့လည်း..ဗေဒင်ဘာညာမေးပြီးပေးတတ်တာလည်းရှိတယ်လေ...
နာမည်မဆန်းလည်းအောင်မြင်ပါတယ်..ဥပမာ..ဦးဝင်းဦးတို့ဘာတို့ပေါ့...

**ဒါဆိုရင်..နာမည်ဆန်းဖို့ထက်...အရည်အချင်းကအောင်မြင်မှုတစ်ခုအတွက်..အဓိကလို့အကိုကဆိုလိုချင်တာလား
***အင်း..ကံရယ်..ဥာဏ်ရယ်..စန်းရယ်...ပေါ့...အရည်အချင်းကလည်းမရှိမဖြစ်ပါညီမလေး..

**ခုခေတ်မှာ..အကိုပြောတဲ့အချက်တွေအပြင်...ပံ့ပိုးမှုကောင်းကောင်းလည်းလိုတယ်လို့မထင်ဘူးလား..
***သိပ်မှန်တယ်ညီမလေး..လိုတာပေါ့.။.အကိုကတော့...ပံ့ပိုးပေးမယ့်သူမရှိတဲ့တစ်ကောင်ကြွက်လေးပေါ့..

**ဒီလိုဆို..အကိုဖြစ်ချင်တာတွေဖြစ်ရဖို့...အခက်အခဲတွေတော်တော်ဖြတ်ခဲ့ရမှာပဲနော်..
***ဒါပေါ့ညီမလေး...စကားပုံတစ်ခုရှိတယ်လေ..တက်ကျိုးရင်လက်ထိုးပြီးလှော်တဲ့...အကိုမှန်းထားတဲ့နေရာလေးကို
ရောက်ဖို့အတွက်..အကိုအားအင်အပြည့်၇ှိပါတယ်ဗျာ..။

**သိပ်ကောင်းတဲ့စိတ်ထားလေးပါအကို..အကိုတစ်နေ့အောင်မြင်မှာပါနော်..
***ကျေးဇူးတင်ပါတယ်ညီမလေး..အကိုလည်းကြိုးစားမှာပါ..

**ဒါဆိုရင်ကြိုးစားသူတိုင်းက..တစ်နေ့အောင်မြင်နိုင်တယ်လို့အကိုယုံကြည်တယ်ပေါ့..
***ရာနှုန်ူးပြည့်ပေါ့ညီမလေးရေ..။

**အိုကေ..ဒီလိုဆိုရင်..လူတစ်ယောက်အတွက်...နာမည်တစ်လုံးကဘယ်လောက်ထိအရေးကြီးတယ်လို့
အကိုထင်လဲ...
***နာမည်တစ်လုံးက..မှတ်တိုင်တစ်ခု..သမိုင်းတစ်ခုတွင်စေတယ်လေ..အနုပညာမှမဟုတ်ဘူးညီမလေးရဲ့..
လူတိုင်းအတွက်..ကောင်းတဲ့မှတ်တိုင်လေးတစ်ခုတော့အနည်းဆုံးရှိသင့်တယ်မလား..။

**ဒီလိုဆိုရင်..အကိုဘာလို့သီချင်းဆိုပါသလဲ..
***အဓိကကတော့...၀ါသနာကြောင့်ပါ..ဒီထက်လေးလေးနက်နက်ဖြေရမယ်ဆိုရင်..သီချင်းမဆိုရရင်ကို...နေမထိ
ထိုင်မသာဖြစ်တတ်တာအကို့အကျင့်ဗျ.ညီမလေးရ။

**ဒီလိုဆိုရင်..အကိုသီချင်းဆိုတာဟာ..ကိုယ်ဆိုချင်တဲ့အတ္တစိတ်ကြောင့်လား..ကိုယ့်သီချင်းလေးနားထောင်ပြီး..
စိတ်ကျေနပ်ကြပါစေဆိုတဲ့..ပရစိတ်ကြောင့်လားအကို..
***နှစ်ခုလုံးပါတယ်ညီမလေး..အကို့အတ္တကိုရင်းပြီး...တစ်ခြားသူတွေကိုပျော်ရွှင်စေချင်တယ်...တစ်ခုခုအကျိုးရှိစေ
ချင်တယ်လေ...အကိုကတော့သီချင်းတိုင်း.တစ်ခုခုကျန်အောင်ကြိုးစားနေပါတယ်..။
https://mail.google.com/mail/?ui=2&ik=426b0f7396&view=att&th=133b6c1ddac4673b&attid=0.3&disp=inline&realattid=f_gkqvwzl73&zw


**အကိုဆိုထားတဲ့သီချင်းရော..ဘယ်လောက်ရှိပါပြီလဲအကို..
***အပုဒ်(၂၀)တောင်ရှိပြီညီမလေးရ...တစ်ချို့သီချင်းတွေကျတော့မဖြန့်ရသေးဘူးလေ...လေးငါးပုဒ်တော့..
မဖြန့်ဘဲချန်ထားတယ်လေ...။

**ဆိုခဲ့တဲ့သီချင်းတွေထဲက...အခိုက်ဆုံးသီချင်းလေးပြောပြပါလား..
***လောလောဆယ်တော့..ဆိုတေးနဲ့ဆိုထားတဲ့..*နင်ပျော်မယ်ဆို*ဆိုတဲ့သီချင်းလေးရင်ထဲငြိနေတယ်လေ..။

**ဟုတ်တယ်နော်..အဲသီချင်းလေးတော်တော်ကောင်းတယ်...အကိုဆိုတေးဆီကရောဘယ်လိုကူညီမှုတွေရလဲ..
***သူကတော်တော်သဘောကောင်းပါတယ်..သူငယ်ချင်းတွေဆိုတော့...ပိုကူညီတာပေါ့လေ..တော်တော်တော့
အမောင်းခံလိုက်ရတယ်..စိတ်တိုင်းမကျမချင်း..ပြန်ပြန်သွင်းရတာလေ..သူ့ကိုလည်းကျေးဇူးတင်ပါတယ်လို့
ဒီနေရာလေးကနေပြောချင်တယ်ဗျာ...(ဘဲကြီး...လာဖတ်နော်..)

**အဲဒီင်္သီချင်းလေးကိုဘယ်သူရေးတာလဲအကို..
***အကိုပဲရေးတာပါညီမလေး..။

**အကို့တစ်ကိုယ်တော်ခွေရောဘယ်တော့ထွက်မလဲအကို..
***လောလောဆယ်တော့အတွဲခွေတွေအရင်ထွက်မယ်ညီမလေး..၁လပိုင်းကုန်လောက်တစ်ခွေ..၂လပိုင်းကုန်လောက်
တစ်ခွေထွက်မယ်လေ..rock and rap ကနေပေါ့..။

**အကိုကသီချင်းဆိုရတာနဲ့သီချင်းရေးရတာဘယ်ဟာကိုပိုခိုက်လဲ..
***ဆိုရတာပိုခိုက်တယ်ညီမလေး..ဒါပေမယ့်...သူများရေးတာတွေစိတ်တိုင်းမကျတာနဲ့ကိုယ်ဘာသာရေးရင်းရေးရင်း
များလာတယ်ဆိုပါတော့ဗျာ..။

**ဘယ်သီချင်းအမျိုးအစားကိုဆိုရတာအားသန်လဲအကို..
***ငယ်ငယ်တုန်းကတော့..rockပေါ့ညီမလေး..ခုတော့ဘယ်ကနေဘယ်လို..hip-hop ပိုးဝင်ကိုက်သွားလဲမသိပါဘူး..
(ဟားဟား)

**ကိုဆိုတေးနဲ့ဆိုထားတာက...hip-hop မဟုတ်ဘူးနော်..။
***ဟုတ်တယ်ညီမလေး..အဲဒါက..alter နည်းနည်းဆန်တယ်လေ...သူကလည်းမတိုဖူးဘူး...popတွေဆိုတာ
များတယ်လေ...သူလည်းဆန်းမယ်ဆိုပြီးဆိုကြည့်လိုက်တာလေ.။.

**အဆိုတော်တွေထဲကရောဘယ်သူ့ကိုအားကျလဲအကို..
***အများကြီးပဲဗျာ..တစ်နေ့တစ်နေ့သူတို့သီချင်းတွေနားထောင်ပြီးစိတ်ကူးယဉ်လိုက်ရတာ...ကိုလေးဖြူ..ကိုကျားပေါက်..
ကိုစိုင်းစိုင်း..ကိုရဲလေး...သူတို့တွေပေါ့။

**ဒါဆိုရင်အဆိုတော်တစ်ယောက်..အသံကောင်းဖို့အပြင်ဘာတွေထိန်းဖို့လဲလိုမယ်လို့အကိုထင်ပါသလဲ..
***အဓိကကတော့ character ပေါ့ညီမလေး...ကိုယ်ကျင့်တရားကောင်းဖို့ကလူတိုင်းလိုအပ်မယ်ထင်ပါတယ်ဗျာ.။
ဒါမှလည်း...ပရိတ်သတ်ကလေးစားအားကျမယ်လေ..ဟုတ်ဘူးလား..။

**အိုကေ...မိုက်တယ်...အဖြေက...ခုဆိုရင်ယဉ်ကျေးမှုဝတ်စားစတိုင်လ်တွေက...အနုပညာရှင်တွေဆီကနေ..
ကူးစက်တာများတယ်လေ..အကို့အမြင်ကရော..
***မှန်တာပေါ့ညီမလေး...ဒါ့ကြောင့်ဘယ်အနုပညာရှင်မဆို...အတတ်နိုင်ဆုံးကိုယ့်ပရိတ်သတ်အတုခိုးမမှားအောင်
ဆင်ခြင်သင့်တာပေါ့ညီမလေးရာ..။
https://mail.google.com/mail/?ui=2&ik=426b0f7396&view=att&th=133b6c1ddac4673b&attid=0.1&disp=inline&realattid=f_gkqvwitb0&zw

**ဟုတ်တယ်နော်..အကို့အဖြေလေးတွေကြည့်ရတာ..စာဖတ်အားကောင်းပုံရတယ်နော်..
***ဟုတ်ညီမလေး..အိမ်မှာအပေါဆုံးကစာအုပ်တွေလေ..အဖေ့စာအုပ်တွေပေါ့ဗျာ...ဘာမှလည်းလက်ကျောတင်း
အောင်မလုပ်တော့...အားနေ..စာအုပ်ပဲဖတ်ဖြစ်တယ်လေ..(ဟားဟား)

**ဟုတ်လား..စာရေးတာရောဝါသနာပါလားအကို..
***အင်းးတစ်ခါတစ်လေတော့ကဗျာလေးတွေရေးတတ်တယ်ညီမလေး..တစ်ခါတစ်လေလည်းဘာကဗျာလို့တောင်
ခေါ်လို့မရတာတွေလည်းထွက်လာတတ်တယ်လေ...(ဟားဟား)

**ဟုတ်လား..အကိုခုမက်နေတဲ့အိပ်မက်လေးကို..တစ်ဝက်တစ်ပျက်နဲ့မနိုးဖို့ဘာတွေရင်းခဲ့ရလဲ..
***အဓိကကတော့စိတ်ပေါ့ညီမလေးရာ...တန်ဘိုးအကြီးဆုံးအရာပေါ့။စတူဒီယိုဖိုးကအစ...အနှိမ်ခံရတာအဆုံး
တစ်ချို့ဆို..အတိတ်ကိုမေ့ချင်ယောင်ဆောင်သွားတာတွေ..ကတိမတည်တာတွေလည်းကြုံရတာပေါ့..။

**ဟုတ်လား..အဲလိုလူတွေကို..ငါတစ်နေ့အောင်မြင်ရင်...မင်းတို့နဲ့တွေမယ်လို့ကြုံးဝါးမိလားအကို..
***ဟင့်အင်း..မကြုံးဝါးမိဘူးညီမလေး..ဒ်ါတွေက..အကို့ကိုစမ်းသပ်နေတာလို့ပဲမြင်တယ်...ကိုယ်လျောက်နေတဲ့
လမ်းကခဲလုံးတွေပေါ့..လဲရင်ပြန်ထမယ်..ပတ္တမြားမှန်ရင်နွံမနစ်ဘူးလေ..။

**၀ိုး...လန်းတယ်...စိတ်လေးက..ရင့်ကျက်တယ်..တရားထိုင်လား..
***ဘုရားအပေါ်ယုံကြည်မှုကတော့ဘာနဲ့မှမလဲနိုင်ပါဘူးညီမလေး...နှိုင်းဆလို့ကိုမရဘူးလေ..။

**ဒါဆိုရင်ကိုယ့်ကိုကိုယ်ရောဘယ်လောက်ထိယုံကြည်မှုရှိလဲအကို..
***ကိုယ်ကိုကိုယ်လည်းကိုလိုချင်တာရအောင်လုပ်နိုင်တဲ့သူလို့ယုံထားပါတယ်ညီမလေး..။

**မအောင်မြင်ခင်တစ်မျိုးအောင်မြင်ပြီးတစ်မျိုူးပြောင်းလဲတတ်တဲ့သူတွေထဲအကိုပါနိုင်လား
***နိုးပါ...အကိုဘယ်တော့မှ..ပရိတ်သတ်စေတနာကိုမစော်ကားဘူးနော်..။

**ဟုတ်ပြီ..အကို့ biography လေးတစ်စိတ်လောက်..
***အဖေကဦးမြင့်အောင်...အမေကဒေါ်စန်းစန်းဌေး။ကျောင်းကတော့..B.sc (Gem and Geming ) နဲ့ပြီးပါပြီ။

**အကို့ရဲ့အချစ်ရေးလေးရော..
***အချစ်ရေးကတော့...ဒီမို့နှလုံးသားအနီးတစ်ဝိုက်...ငြိမ်သက်နေ၏ပေါ့...ဟားဟား။ကိုယ်တိတ်တိတ်လေးချစ်နေတဲ့
သူတော့ရှိတယ်လေ...ပြန်ချစ်မချစ်တော့မသိသေးပါဘူးဗျာ...(ဖူးစာရှင်ကကူပါဦးဗျ)...။

**အကို့ဘ၀မှာလုပ်ချင်တဲ့အလုပ်နဲ့.မလုပ်ချင်တဲ့အလုပ်ကရော..
***အလုပ်ချင်ဆုံးကတော့..သီချင်းဆိုတာပေါ့...မလုပ်ချင်ဆုံးကတော့.ငါးမြှားတာပေါ့..။

**အန်..ဘာလို့လဲအကိုရ..
***တွေးကြည့်လေ..သူများပါးစပ်ကြီးကို..ချိတ်ကြီးနဲ့ချိတ်တာလေ...ဘယ်လောက်နာလိုက်မလဲ..အူယားတယ်...ဟိဟိ။

**ကောင်းတဲံ့အကျင့်နဲ့မကောင်းတဲ့အကျင့်ကရော..
***ကောင်းတာတော့ရှာမရလောက်ဘူးညီမလေးရ...မကောင်းတဲ့အကျင့်ကခါးတို့လို့ယောင်လိုက်ရင်ဘယ်လိုမှ...နားထောင်
လို့မကောင်းဘူးလေ..သူငယ်ချင်းတွေကလည်းပြောတယ်..ဒါပေမယ့်..ပြင်လို့ကိုမရဘူးညီမလေးရ...အကိုလည်း
စိတ်ညစ်တယ်..။

**ကဲဒါဆိုနောက်ဆုံးမေးမယ်နော်..စိတ်ကူးယဉ်ဆန်တာလေးပေါ့..အကိုကအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ပေါ့နော်..
အဲချိန်မှာ..ဖူးစာရှင်လေးက...စပ်စုမလေးဆုဂျေကအင်တာဗျူးဖို့ချိတ်မယ်...တစ်ချိန်တည်း..ကမ္ဘာကျော် people
magazine ကြီးနေ...ချိတ်မယ်ဆိုပါတော့..အကိုဘယ်သူ့ကိုဦးစားပေးမလဲ..
***စကားပုံတောင်ရှိသေးတယ်ညီမလေးရေ...ဘူးသီးမှအရီးလာမတော်နဲ့တဲ့လေ...မအောင်မြင်ခင်မြေတောင်မြှောက်ပေး
တဲ့ဖူးစာရှင်လေးကိုဦးစားပေးမယ်..ပြီးမှ.people ပေါ့ညီမလေးရ...။

**ဟုတ်ကဲ့ပါခုလိုသိရတာကျေးဇုးတင်ပါတယ်နော်..အားပေးတဲ့ပရိတ်သတ်ကြီးကိုဘာပြောဦးမလဲ
***ပရိတ်သတ်ကြီးကတော့အကိုရင်ထဲကအနှိုင်းမဲ့လူသားတွေပါဗျာ...အကိုတို့လိုအသစ်တွေအတွက်...ပရိတ်သတ်
ကြီးမရှိလို့မဖြစ်ပါဘူး...အားပေးပါဦးလို့...ကျေးဇူးတင်နေပါတယ်လို့ပြောချင်ပါတယ်ဗျာ..။

**ခုလိုဖြေပေးလို့ကျေးဇုးပါအကို
***ညီမလေးကိုလည်းဖေိာမပြတတ်အောင်ကျေးဇူးတင်ပါတယ်ဗျာ..။

**အကို့ကိုဆက်သွယ်ချင်ရင်..
***Demojacktoo@gmail.com ကနေဆက်သွယ်နိုင်ပါတယ်ဗျာ..။


MP3 Download
မနမ်းသင့်တော့ဘူး
ချစ်သူထက် ချစ်တဲ့သူငယ်ချင်း
ဗိုလ် စိန်မှန် ရပ်ကွက်
ချန်ထားရက်သူ
အိမ်ပြန်လမ်း
ကျောက်ရုပ် အထာ
နင်ပျော်မယ်ဆိုရင်





**ကျေးဇူးတင်လွှာ..**

**ခုလိုရိုက်ပေါက်မေးခွန်းတွေကိုသဘောထားကြီးကြီးသေသေချာချာဖြေပေးပါသော...
အဆိုတော်လေး..အကိုဒီမို...

**ဖလက်သီချင်းလေးအပူတပြင်းလုပ်ပေးပါသော....မောင်လေး..မွန်လေး.(ဖူးစာရှင်လေး)

**ဆိုက်လိုဂိုဖန်တီးပေးပါသော...အကိုဖြိုး(ဖူးစာရှင်လေး)

**အားပေးဖတ်ရှုပါသော...ဆုဂျေသူငယ်ချင်းမောင်နှမများအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားရင်း.
နောက်တစ်လ...တင်ဆက်မယ့်သူလေးကဘယ်သူလဲရင်ခုန်စွာစောင့်မျော်ကြည့်ရအောင်နော်..။

0 comments:

Post a Comment