ဖူးစာရှင်လေး Android application

သတင်းတွေ ၊ နည်းပညာတွေ ၊ ကာတွန်း ၊ မြန်မာအနုပညာရှင်များရဲ့လှုပ်ရှားမှူတွေ model ဓါတ်ပုံများ အားကစား သတင်းများ တခြား ဗဟုသုတရစေမယ့်

မိစန္ဒီနဲ့ အင်တာဗျူး

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Blog spot မှာ Online Web Mp3 Player ထည့်မယ်

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

.

Friday, March 8, 2013

Android ဖုန်းကို 3D ဒီဇီုင်းလေးနဲ့သုံးရအောင် (SPB Shell 3D v1.5.3-lucky.apk)


Android Phone တွေအတွက် SPB shell 3D လေးကိုမျှဝေပေးလိုက်တယ်နော်
ဒီဇိုင်းဆန်းဆန်းလေးနဲ့ မိမိဖုန်းကို သုံးကြည့်ရအောင်နော်
ကျွန်တော်လည်းအခုသုံးနေပါတယ်
အောက်မှာပုံလေးတွေနမူနာပြထားတယ်
အရင်ကြည့်လိုက်ဦးနော်
ကြိုက်ရင်တော့ ဒေါင်းလိုက်လို့ရပြီနော်
..................................................................................
www.cooldownrox.com
ပျော်ရွှင်ပါစေသူငယ်ချင်းတို့

♪♥♪ဂျွန်ဖြိုး♪♥♪


Photoshop လေ့ကျင့်မယ် ၃


ဘယ်ဘက်ပုံကနေ ညာဘက်ပုံကိုသွားမယ်နော်
စိတ်ဝင်စားတဲ့သူငယ်ချင်းတွေက အောက်ကအတိုင်း လိုက်လုပ်လို့ရပါတယ်။
ပုံ ၁
မူလပုံက ဒါလေးပါ ဒီပုံကို ပြင်မှာပါ ။ မရှိတဲ့သူငယ်ချင်းတွေက ပုံပေါ်မှာ right click နှိပ် Save image as နော် :)
ပုံ ၂

ပြီး Photoshop ထဲမှာ ဖွင့်ပါ ပုံ ၂ မှာပြထားတဲ့ အတိုင်း အမှတ်စဉ်အတိုင်း အစဉ်လိုက်လုပ်ပါ ။
ပုံ ၃
ပုံ ၃ မှာပြတဲ့အတိုင်း Line လေးတစ်ခုဆွဲပါ
ပုံ၎

ပုံ ၄ ကအတိုင်း အရင်လုပ်ပါ ဒီကောင်က brush အရွယ်အစားကိုညှိချင်လို့လုပ်တာပါ ။
ညှိပြီးဘာမှမလုပ်ရပါဘူး ပုံ ၅ မှာပြတာကိုဆက်လုပ်လိုက်ပါ ။
ပုံ ၅
ပုံ ၅ မှာရှင်းပြတဲ့အတိုင်း လုပ်ပြီးရင် ပုံ ၆ အတိုင်းလေးမြင်၇မှာဖြစ်ပါတယ်
ပုံ ၆

အခု အနီရောင်အတန်းလေးပေါ်မှာ လိုင်းလေးကမပျောက်သေးပါဘူး။
ပုံ ၇ မှာပြောတဲ့အတိုင်းလေးလုပ်လိုက်ပါ ။
ပုံ ၇
ခုလို enter ခေါက်လိုက်ရင် ပုံပေါ်က အနီးလိုင်းပေါ်က pentool နဲ့ဆွဲတဲ့လိုင်း ပျောက်သွားပါတယ်။
ပုံ ၈
ပြီးရင် ပုံ ၈ မှာ ပြတဲ့အတိုင်း brush size ကိုနည်းနည်းအကြီးရွေးပြီး Layer သစ်တစ်ခု
ထက်ခေါ်ပေးပါ ။
ပုံ ၉
စောနက အနီးလိုင်းပေါ်မှာ brush လေးနဲ့ ကာလာစုံ လိုက်ဆွဲပေးလိုက်ပါ ။
ပုံ ၁၀
ပြီးရင် layer မှာတစ်ချက်ကြည်ကပေးပါ ။ keyboard က ALt ကိုနှိပ်ထားပြီးးlayer 1 နဲ့ layer 2 ကြားမှာ မျှားထောက်လိုက်ပါ အဲမှာ မျှားပုံက စက်ဝိုင်းနှစ်ခုထက်နေတဲ့ မျှားပုံလေး
ပြောင်းသွားရင် ကလစ်လိုက်ပါ ဒါဆိုရင် အထက်ပုံအတိုင်း ဖြစ်သွားပါလေ့မယ် ။
ပုံ ၁၁
ပြီးရင်ပုံကိုပြန်ကြည့်ပါ ခုလိုလေးတွေ့ရပါပြီး ။
ပုံ ၁၂
layer 1 က လေးဒေါင်းပေါ်မှာ ကလစ်နှစ်ချက်နှိပ်ပါ ။ effect ထည့်ဖို့ဘောက်ကျလာလေ့မယ်
အဲထဲကouter glow ကိုရွေးပြီးပုံမှာပြထားတဲ့အတိုင်း ပြင်ကြည့်ပါ ။
ပုံ ၁၃
ပြီရင် ခဲ့ဖျက်လေးကိုယူပြီး မျက်နှာရှေ့က ပိတ်နေတဲ့ လိုင်းလေးကို ဖျက်ကြည့်ပါ။
ပုံ၁၄
ဒါဆိုရင်တော့ ခုလိုလေးဖြစ်သွားပါပြီး
ဟူး ..................  မောတယ်ဟေ့
ရေလည်းတိုက်ဘူးနော့ :)
အဆင်ပြေပါစေနော့
ခင်မင်ကြိုးစားလျှက်
ဂျွန်ဖြိုး
:)

Photoshop သင်ခန်းစာ ၂


အထက်ကပုံလေးကိုအရင်ကြည့်ပေးပါ ဒါက အစက်လေးတွေနဲ့မျက်နှာကို အစက်ဖျောက်ပြထားတဲ့
မူလပုံနဲ့ နောက်ဆုံးပုံပါ ။ အဲလိုလေးဖြစ်အောင် လေ့ကျင့်မယ်ဆိုရင် ။ အောက်ကပုံလေးတွေကို
လေ့လာလိုက်ပါ ။ မသိသေးသူအတွက် လမ်းညွန်ပြချင်းဖြစ်ပါသည် ။
ပုံ၁
ဒါကမူလပုံပေါ့ ဒီပုံကိုမရှိသေးဘူးဆိုရင် စက်ထဲကို အရင် ဒေါင်းပြီး photoshop နဲ့ဖွင့်လိုက်ပါ ။

ပုံ ၂

ပုံ ၂မှာပြထားတဲ့တိုင်း toolbar ထဲက Spot healing brush tool (J) ဆိုတာလေးကို ရွေးပေးပါ ။
ပုံ ၃
ရွေးပြိးရင်အ၀ိုင်လေးပေါ်လာပါလေ့မယ် စက်တစ်စက်နဲ့ တစ်စက်မှာdiamer size က အတူပဲနေမှာစိုးလို့
အ၀ိုင်းလေးရပြီးဆိုရင် right click နှိပ်ပြီး Diameter မှာ 20 လောက်ရွေးပေးပါ ။ တန်ဖိုးများရင် အရွယ်အစားတအားကြီးသွားမျာပါ။
၂၀ ဆိုလုံလောက်ပါပြီ ။

ပုံ ၎
ပြီးရင်တော့ အစက်လေးပေါ်မှာ နည်းနည်းလေး ဖိဆွဲပေးလိုက်ပါ ။ ပြီးရင် click လွတ်လိုက်ပါ ။

ပုံ ၆
ဒါဆိုရင်ကိုယ် ဖိဆွဲလိုက်တဲ့ အစက်လေးပျောက်သွားမှာဖြစ်ပါတယ် ။

နောက်တစ်စက်ကိုလည်းဒီလိုပဲ ဖိဆွဲသွားပါ ။

ပုံ ၇
ဒီလိုနဲ့တစ်စက်ပြီးတစ်စက် ဖိဆွဲသွားမယ်ဆိုရင် နောက်ဆုံးမျက်နှာလေးက ဒီလိုလေး ဖြစ်သွားပါပြီနော်
အားလံုးပဲအဆင်ပြပါစေ  လို့ပြောရင် သင်ခန်းစာ ၂ ကို ဒီမှာ ခဏနားကြပါစို့ ။

photoshop လေ့ကျင့်မယ် ၎


မင်္ဂလာပါ ကျွန်တော်ခုရက်ပိုင်း မအားတာနဲ့
လေ့ကျင့်ခန်းလေးတွေဆက်မတင်ဖြစ်ဘူး ဆော်ရီးပါ ခုထက်ပြီးတင်ပေးလိုက်တယ်နော်
ခုက ဓါတ်ပုံထဲမှာ သက်တန့်ရောင်လေးထည့်တာကို လေ့ကျင့်ရမှာပါ ။
မသိသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ် ။

အရင်ဆုံးဒီပုံကိုဒေါင်ပါ ပြီးရင် photoshop မှာဖွင့်ပြီး အောက်မှာပြတဲ့လမ်းညွန်အတိုင်ုးလုပ်ရမှာပါ ။
ပုံ ၁

ပုံ ၁ မှာ ပြသလို Gradient tools ကိုရွေးပါ။

ပြီးရင်ပေါ်က Gradient color ပေါ်မှာ တစ်ချက်နှိပ်ပါ

အဲမှာ box တစ်ခုကျလာပါလေ့မယ်
ပုံမှာပြတဲ့ setting ပုံလေးကိုနှိပ်ပြီး special effects ကိုရွေးပေးပါ

ပြီးရင်ပုံမှာပြသလို အောက်ဆုံးကအရောင်လေးရွေးပြီး ok နှိပ်ပါ

ပြီးရင် layer အသစ်တစ်ခုခေါ်ပါ။

ပုံမှာပြသလို ရွေးပြီး ဓါတ်ပုံရဲ့ ညာဘက်အောက်ခြေကနေ ဘယ်ဘက် အပေါ်ထိ ဖိဆွဲသွားပါ

ဒါဆိုရင်တော့ ခုလိုသက်တန့်လေးပေါ်လာပါပြီ :)

သိပ်မပီပြင်သေးလို့ထက်ပြင်ဦးမယ်နော်
layer အထက်က Normal ကိုနှီပ်ပါ

ပေါ်လာတဲ့ effect ထဲက Screen ကိုထက်ရွေးပေးပါ ။
ဒါဆိုရင် သက်တန့်လေးက ခုလိုလေးဖြစ်သွားပါတယ်
သတိထားမိလား တံတားရှေ့မှာ အရောင်တွေ ကာနေတယ် သဘာဝမကျသေးပြန်ဘူးထက်ပြင်ရဦးမယ်

Brush ကိုရွေးပေးပါ right click နှိပ်ပြီး brush အရွယ်အစားနဲ အမျိုးအစားကို
ပုံမှာပြသလိုရွေးပေးပါ ။
သူ့ကို quick mash လုပ်ဖိုအတွက်
ပုံမှာပြတဲ့ သင်္ကေတာလေးရွေးပေးပါ
ပြီးရင် တံတားရှေ့မှာကွယ်နေတဲ့ သက်တန့်အရောင်လေးတွေကို လိုက်ဖျက်ပါ
မဖျက်ခင်သတိထားရမှာက ဘေးက ကောလာဘောက်မှာက အနက်ရောင်ဟုတ်မဟုတ် အရင်စစ်ပါ
အနက်ရောင်နဲ့မှ အဆင်ပြေမှာပါ ။

ပြီးရင်တော့ခုလိုမျိုးပုံလေး မြင်ရမှာဖြစ်ပါတယ်
အဆင်ပြေပါစေ ။